ညသန်းခေါင် လောက်မှာ ဟီဆွန်း နားထဲ ကြားလိုက်ရသည့် ညီးသံ တိူးတိုးလေးကြောင့် အိပ်နေရာမှာ နိုးလာခဲ့သည်။
ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့လည်း ဘာအကောင်ပလောင်မှ ရှိမနေနဲ့။
မျက်လုံးမပွင့်တပွင့်ဖြင့် အသံကြားရာကို မှန်းကာ ကြည့်လိုက်တော့ သူကြမ်းပြင်မှာ အိပ်ခိုင်းထားတဲ့ ဆောင်းဟွန်းဆီက ဖြစ်နေသည်။
" မေ...မေ....မေမေ့ကို မလုပ်ပါနဲ့ .. အရမ်းနာနေပြီ... တောင်း... တောင်းပန်ပါတယ်... တော်ပါတော့ !!!!! "
အသံကုန်ဟစ်ကာ အော်လိုက်တာကြောင့် အိပ်ရာပေါ်က ဟီဆွန်းလည်း ဒီတိုင်း မနေနိုင်တော့ဘဲ ကြမ်းပြင်ပေါ်က အေးစက်နေပြီး တဆက်ဆက်တုန်နေသည့် ခန္ဓာကိုယ်ငယ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းမိလိုက်သည်။
တကိုယ်လုံး အေးစက်နေပေမယ့် ဆောင်းဟွန်းရဲ့ နဖူးပြင်ထက်မှာ ချွေးစေးများစို့နေသည်။ နဖူးပေါ်ရှိနေသည့် ချွေးစ များကို သုတ်ပေးဖို့ ဟီဆွန်း လက်ရွယ်လိုက်တဲ့ အချိန် ဆောင်းဟွန်းရဲ့ လက်တစ်ဖက်ဟာ ဟီဆွန်းရဲ့ ခါးဆီကို ဦးတည်ပြီး တင်းကြပ်စွာ ဖက်ထားနေသည်။
" ကျေး... ကျေး..ဇူးပြုပြီး မေမေ့ကို မရိုက်ပါနဲ့ "
သူ့ကိုဆို အမြဲအနိုင်လိုချင်စိတ်ရှိပြီး သန်မာတဲ့ ကောင်လေးက သူ့အဖေရဲ့။ လုပ်ရပ်တွေကြောင့် စိတ်ဒဏ်ရာတစ်ခု စွဲကပ်နေတာ သိပ်သနားစရာကောင်းသည်။
အတင်းအကြပ်ဖက်ထားသည့် ရင်ခွင်ထဲက ကောင်လေးကို ဟီဆွန်းလည်း သူ့နီးတူ အတင်းအကြပ်ပြန်ဖက်ထားသည်။
" ဟွန်း ကို ကိုယ်က ဒီဒဏ်ရာတွေပျောက်သွားအောင် လုပ်ပေးမှာမို့ အစပိုင်းတော့ သည်းခံပေး "
ရင်ခွင်ထဲ အတင်းတိုးဝင်ဖက်လာတဲ့ ကောင်လေးရဲ့ ဆံနွယ်လေးတွေကို ငုံ့ကာ နမ်းရှိုက်လိုက်သည်။
ဖျားတာလည်းမဟုတ်ဘဲ ဒီလိုဘဲ အမြဲ အိပ်မက်ဆိုးတွေ မက်နေကြဘဲလား!?
______
___
" ဒီဟာတွေ အကုန် အမှိုက်အဖြစ်ပြစ်လိုက်တာ ဖြစ်ဖြစ် မီးရှို့တာ ဖြစ်ဖြစ် လုပ်လိုက်ပါ "
YOU ARE READING
BE MY LOSER
Fanfiction"မင်းက ကိုကို့အတွက် အရှုံးသမားတစ်ယောက်ဖြစ်ပေးရမယ် ဟွန်း" ဟီဆွန်း