VHope <3
စာရွက်တစ်ချို့ ကြမ်းပြင်မှာ ပြန့်ကျဲပြီး အနည်းငယ်ရှုပ်ပွနေသော အခန်းငယ်တစ်ခုတွင် ကောင်လေးတစ်ယောက်က မျက်စိရှေ့ကlaptopတစ်ခုမှာ လက်ချောင်းလေးတွေ ပြေးလွှားပြီး အလုပ်ရှုပ်နေသည်။
စာရေးဆရာတစ်ယောက်ရဲ့ အခန်းက အနည်းငယ်ရှုပ်ပွနေသည်မှာ အထူးအဆန်းမဟုတ်ပါ။Scenery Entertainmentရဲ့ ရိုက်ကူးရေးအဖွဲ့က စာရေးဆရာလေးဖြစ်တဲ့ Jung HoSeokဆိုတဲ့ကောင်လေးဟာ အရမ်းအလုပ်ကြိုးစားလှသည်။
HoSeokက Laptopပေါ်ပြေးလွှားနေတဲ့ လက်ချောင်းလေးတွေ ရပ်တန့်ပြီး အနောက်ခုံကိုမှီကာ အကျောဆန့်လိုက်သည်။
အံဆွဲထဲက ဖုန်းကို ထုတ်ပြီး Instagramကို ခဏကြည့်လိုက်တယ်။
New feed မှာ ကောင်မလေးတစ်ယောက်က KimTaeHyung ပုံအချို့ကိုတင်ထားပြီး Captionက My Boyfriendလို့ရေးထားတာကို HoSeokတွေ့သွားသည်။အနည်းငယ်ပြုံးပြီး
" KimTaehyungက နာမည်ကြီးအဆိုတော်တစ်ယောက်မလား Jung HoSeokမင်း သည်းခံရမယ်။ သူ့Fanတစ်ယောက်က ဒါလေးတင်တာနဲ့ သဝန်တိုနေရအောင် မဟုတ်သေးဘူးလေ တကယ်တမ်းဆို KimTaeHyungက ကိုယ့်အပိုင်ရည်းစားလေ စိတ်လျော့လိုက် Hoseok "~ ကျွန်တော့်လို သာမန်စာရေးဆရာလေးတစ်ဦးက KimTaeHyungဆိုတဲ့ နာမည်ကြီးအနုပညာရှင်နဲ့ အရမ်းချစ်ကြတဲ့ချစ်သူတွေဖြစ်လာမယ်လို့ ဘယ်သူက ထင်မိမှာလဲ။
ကျွန်တော်နဲ့သူတွဲနေတာ ဘယ်သူမှမသိပေမဲ့ ကျွန်တော်သိတာက ကျွန်တော်သူ့ကိုချစ်တယ်ဆိုတာပါပဲ။
တစ်ခါတစ်လေတော့ သူထားသွားမှာ ကြောက်မိတယ်။ သူက နာမည်ကြီးတစ်ယောက်လေ..ကျွန်တော်က ဘာမှမဟုတ်တဲ့ စာရေး........Phone Ringtone : " Imagine your face ~~Say hello to me ~~ Then all the bad days ~~ "
~ ကျွန်တော့်ရဲ့ နာမည်ကြီးကောင်လေးဆီက ဖုန်းပါ ✨
" Taehyung .. "
" Hyung ကျွန်တော် Hyungအိမ်ရှေ့ရောက်နေတယ် "
" ဘယ်လို !!! "
" လန့်လိုက်တာ Hyungပေါက်စရာ "
" ရူးနေလား အိမ်ရှေ့ကို ဘာလာလုပ်တာလဲ မင်းကို တစ်ယောက်ယောက်မြင်သွားရင် ဘယ်လိုလုပ်မလဲ "
" ဘာလာလုပ်ရမှာလဲ တွေ့ချင်လို့လာတာ အခုထွက်လာခဲ့ "
" Taehyung မင်းတွေ့ချင်တိုင်းတွေ့လို့မရဘူးလေ အပိုတွေပြောမနေနဲ့ ဘာလာလုပ်တာလဲ ပြန်တော့ "