မိုး စိုမှာစိုး၍ သစ်ရိပ်ခိုဝင်တယ်
တိုးဝေ့လာသောလေကြောင့် မိုး ပိုစိုတာကို
သစ်ပင်ရဲ့ အပြစ်လို့ပြောလို့မရသလို
လေရဲ့အပြစ်လို့လည်းပြောလို့မရဘူး
အစထဲက ထီးမယူလာမိတဲ့ ကိုယ့်အပြစ်လေ…
အဲ့လိုပဲ အစထဲက ချစ်မိတဲ့ မောင့်အပြစ်သာ(၁)
မျက်နှာကို တည့်တည့်ကျလာသော နေရောင်ခြည်စူးစူးကြောင့် ကျွန်တော်မျက်လုံးများကို အားပြုကာ ဖွင့်လိုက်တယ်။ "ကျစ်" ဘေးပတ်ဝန်းကျင်ကိုကြည့်မိတော့ ကျွန်တော် အလုပ်ခန်းထဲမှာအိပ်ပျော်နေပြန်ပါပီ။
ပြတင်းပေါက်မှ ထိုးလာသောနေရောင်ကြောင့် ချက်ချင်းပင်ထကာ အဖြူရောင်လိုက်ကာကို ခပ်စောင့်စောင့်ပိတ်လိုက်သည်။
ချစ်ရပါသော မောင့်နေခြည်လေးရဲ့ ခပ်စူးစူးမျက်စောင်းကလွဲပြီး ဘယ်အရာကိုမှ သည်းမခံနိုင်ပါ။
ပန်းချီကားတွေ၊ ရောင်စုံဆေးဗူးတွေ၊ စုပ်တံတွေ ပေပွနေသော အလုပ်ခန်းကို ကြည့်ပြီး စိတ်ညစ်မိပေမဲ့ ရှင်းလင်းဖို့ အစီအစဉ်မရှိသေးပါ။
နောက်လ ကိုယ်ပိုင်ပန်းချီပြခန်းဖွင့်ဖို့အတွက် လုံးပန်းရအုံးပေမည်။
အခန်းထဲ ဝေ့ကြည့်ရင်း ထောင်ထားသော ပန်းချီကားတစ်ချို့က သူ့အငွေ့အသက်တွေကြည့်ပင်။
ဘာရယ်မဟုတ် မောင့်နေခြည်လေးနဲ့ စတွေ့တဲ့အချိန်က အတွေးထဲဝင်လာတယ်။
အပြုံးလှလှလေးတွေနဲ့ ရယ်မောနေသော မောင့်နေခြည်လေးကို တမေ့တမောငေးကြည့်မိတဲ့ ကိုယ့်အဖြစ်ကို သတိရမိ၍ ရယ်ချင်မိ .. ..(၂)
ကျွန်တော် တက္ကသိုလ်ဒုတိယနှစ်တုံးက အတန်းလစ်ပြီး အစ်ကိုဝမ်းကွဲ ကင်ဆော့ဂျင် တက်နေသော ဆေးတက္ကသိုလ်ကို အလည်လာခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အလေလိုက်တာပေါ့ဗျာ။ စာကြိုးစားနေသော အစ်ကိုတော်ချောက သူ့ဆီ အလေလာလိုက်တယ်ဆိုပြီး ပွစိပွစိဖြင့် ဆူငေါက်နေသည်။
ဆေးကျောင်းထဲက ပန်းခြံလေးထဲမှာ ထိုင်ကာ ပွစိပွစိအစ်ကိုရဲ့ ထမင်းဗူးထဲက ဂုန်းဆင်းနေလိုက်တယ်။" ကင်ထယ်ယောင်း မင်းတက္ကသိုလ်ကျောင်းသားတောင်ဖြစ်နေပီ ရည်းစားမရှိသေးဘူးလား "
ဂျူနီယာဆေးကျောင်းသားငယ်လေးကို ရည်းစားတော်ထားရသော နောက်ဆုံးနှစ်ကျောင်းသားအစ်ကိုက လူကို နှိမ်နေသလို လာပြောတော့ စားနေသော ထမင်းတောင် နင့်သွားတယ်။