မိုးကိုမုန်းသောကျွန်တော်
ကျွန်တော်ကလေ…
မိုးကို မုန်းတယ်
မိုးရွာတိုင်းမခံစားတတ်ဘူး
ကော်ဖီဖီခါးခါးတွေ မကြိုက်ဘူး
ကော်ဖီတွေစွဲလမ်းရတာကို မနှစ်သက်ဘူး
ကျွန်တော်မကြိုက်ပါဘူးဆိုတဲ့ အရာတွေကို
မလုပ်ပဲမနေနိုင်အောင်လုပ်ခဲ့တဲ့ ခင်များကိုတော့
မမုန်းရက်နိုင်ပါဘူး
ဘာလို့လဲဆိုတော့
ကျွန်တော်က ခင်များကို
သိပ်ချစ်တာမို့
နှလုံးသားတစ်နေရာမှာ ခင်များက
စွဲထုတ်လို့မရနိုင်တော့တဲ့ ဆူးတစ်ချောင်းလိုပဲ
ချစ်တယ်
_____________________________________(1)
" Kim Taehyung!! မင်းဘယ်မှာလဲ !!! "
ဖုန်းထဲ အလွန်ကျယ်လောင်လွန်းသော အော်သံကြောင့် ထယ်ယောင်းမျက်နှာမဲ့လျက် ဖုန်းကို နားနဲ့အနည်းငယ်ခွာလိုက်သည်။
" မေးနေတယ်လေ Taehyung!! Company ထွက်စာတင်တယ်ဆို မင်းဘာဖြစ်နေတာလဲ ! "
" Relax Hyung...ထွက်စာတင်တာက အလုပ်မလုပ်ချင်တော့လို့လေ "
" အခုဘယ်မှာလဲ ငါနဲ့အခုချက်ချင်းလာတွေ့စမ်း "
ဖုန်းထဲက လူရဲ့ စကားကြောင့် ထယ်ယောင်း တစ်ချက်ပြုံးမိသွားသည်။
" ကျွန်တော် လေယာဉ်ပေါ်မှာ ခရီးသွားမို့ "
" မင်း !!! မသွားရဘူး Taehyung "
" Sorry Hyung ကျွန်တော် အနားယူချင်လို့ပါ ဒီနှစ်တွေထဲ Hyungရဲ့ ကုမ္ပဏီအလုပ်တွေထဲ ခေါင်းနစ်ထားတာ ကျွန်တော့်အတွက်အဆင်မပြေဘူး
အစထဲက ကျွန်တော် စီးပွားရေးအလုပ်ကို စိတ်မဝင်စားဘူးလို့ပြောတာကို ဖေဖေတို့Hyungတို့ အတင်းလုပ်ခိုင်းခဲ့တာလေ
အခုတော့ ကျွန်တော့်စိတ်တိုင်းကျနေပါရစေ
Bye bye Jin Hyung
ပြန်လာရင် ကြက်ကြော်နဲ့ဘီယာဝယ်ခဲ့မယ် "