Beautiful Lair (ZawGyi)

359 19 0
                                    

⊱ တကယ့်ကို လှရက်လွန်းတဲ့ လိမ်ညာမှု ⊰

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

⊱ တကယ့်ကို လှရက်လွန်းတဲ့ လိမ်ညာမှု ⊰

" Taehyungnaa ... "

HoSeokက အဝေးကနေအော်ခေါ်ပြီး အလှဆုံးအပြုံးလေးတွေပြုံးကာ ပြေးလာနေတာကို Taehyungတွေ့တော့ ပြုံးမိသည်။
သူ့ဆီဦးတည်ပြီး ပြေးလာနေတဲ့ HoSeokကို တင်းကျပ်စွာဖက်လိုက်ပြီး အသံချိုချိုလေးသုံးကာ HoSeokကိုမေးလိုက်တယ်။

" Aigoo...., ဒီကောင်လေးက ဘယ်သူရဲ့ ချစ်သူမို့လို့ အရမ်းချစ်ဖို့ကောင်းနေတာလဲ "

" ဘယ်သူ့ချစ်သူဖြစ်ရမှာလဲ Kim Taehyungရဲ့ ချစ်သူကောင်လေးလေ "

" အာ... အဲ့ဒါကြောင့် ဒီလောက် ချစ်ဖို့ကောင်းနေတာပေါ့ ချစ်တယ် HoSeok Hyung "

" အွန်း ငါလည်း ချစ်တယ် Taehyung "

ဘေးက ဖြတ်သွားတဲ့လူတွေ မျက်မှောင်ကြုတ်သွားလောက်အောင် ချစ်ပြနေသော သူတို့သည် Seongdeok အထက်တန်းကျောင်းရဲ့ အားကျရတဲ့ စံပြစုံတွဲ‌တွေထဲမှာ တစ်တွဲပါ။

" Taehyung ဒီနေ့ ကျောင်းလာတက်တာလား "

" ဟုတ်တယ် လေ့ကျင့်ချိန်တွေ ခဏနားထားတယ် "

" အွန်း ကျောင်းတက်တော့မယ် ငါတို့ သွားရအောင် "

" ဟုတ် "

Taehyungနဲ့ HoSeokက စံပြစုံတွဲဖြစ်ပေမဲ့ သူတို့ချိန်းတွေ့ရတဲ့ အချိန်ကရှားပါတယ်။
HoSeokက သာမန်အထက်တန်းကျောင်းသားဖြစ်ပေမဲ့ Taehyungက အထက်တန်းပထမနှစ်ထဲက ပွဲဦးထွက်ဖို့ လေ့ကျင့်နေတဲ့ Idol Traineeတစ်ဦးပါ။
သူ့ရဲ့လေ့ကျင့်ချိန်တွေကြောင့် HoSeokကို အချိန်ပေးနိုင်ခဲ့တာ များတာမို့ သူ HoSeokကို အမြဲတောင်းပန်နေခဲ့တယ်။
HoSeokကလည်း နားလည်ပေးပြီး Taehyungရဲ့ Traineeဘဝကို မထိခိုက်စေရန် ခဏခဏမဆုံဖြစ်ခဲ့ဘူး။
ဘယ်လောက်တောင် မဆုံဖြစ်လဲဆိုရင် တစ်လကို တစ်ကြိမ်တောင် မတွေ့ဖြစ်ခဲ့ပါဘူး။
ဒါကြောင့်မို့ အခု Taehyungကျောင်းတက်တဲ့အချိန်လေး သူတို့ ဆုံဖြစ်တာမို့ စိတ်လှုပ်ရှားနေခဲ့ကြတယ်။

𝐕𝐇𝐨𝐩𝐞 𝐎𝐧𝐞𝐬𝐡𝐨𝐭 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧Where stories live. Discover now