《𝙲𝚘𝚞𝚗𝚝𝚒𝚗𝚐 𝚔𝚒𝚜𝚜𝚎𝚜 𝚠𝚒𝚝𝚑 𝚢𝚘𝚞》
Cafeဆိုင်ရဲ့ အတွင်းပိုင်းလေးမှာ နေ့လည်စာစားချိန်ဖြစ်တဲ့အတွက် ကဖိန်းဓာတ်ဖြည့်သွင်းဖို့ ရောက်လာကြတဲ့ ရုံးဝန်ထမ်းတွေ ပြည့်နေပါတယ်။
Cafeရဲ့ ထောင့် စားပွဲဝိုင်းတစ်ခုမှာ လက်ကောက်ဝတ်မှာ ပတ်ထားတဲ့ နာရီကို စေ့စေ့ကြည့်နေတဲ့ HoSeokဟာ စိတ်မရှည်တော့တဲ့အမှုအရာတွေ မျက်နှာမှာ ထင်းနေတယ်။
ချိန်းထားတဲ့အချိန် 10မိနစ်ကျော်လွန်နေပီဖြစ်သောကြောင့် စိတ်မရှည်ဖြစ်နေတဲ့ ခံစားချက်တွေကို တတ်နိုင်သလောက်ဖုံးကွယ်ထားသည်။
ခြေထောက်တစ်ဖက်က တစ်ဖက်ပေါ်တင်ထားပြီး လက်ချောင်းလေးတွေက သစ်သားစားပွဲ မျက်နှာပြင်မှာ တစ်တောက်တောက်နဲ့ ပုတ်နေပြီး စိတ်တည်ငြိမ်အောင် စည်းချက်တစ်ခု ဖန်တီးနေသည်။
ကုမ္ပဏီက ပေးထားသည့် တစ်ခုတည်းသော အားလပ်ချိန်ဖြစ်တဲ့ တစ်နာရီထမင်းစားချိန်မှ 10မိနစ် ဆုံးရှုံးခြင်းသည် ရုံးဝန်ထမ်းတစ်ဦးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပါ။HoSeok အချိန်တွေ ကြာလာတာနဲ့အမျှ မတည်မငြိမ်ဖြစ်လာတဲ့ စိတ်ကို တည်ငြိမ်အောင် မှာထားတဲ့ Americano ကို မော့သောက်လိုက်တယ်။
ပုံမှန်နေ့လည်စာကို ကိုရီးယားအစားအစာ စားလေ့ရှိပေမဲ့ ဒီနေ့ အချိန်ကုန်သပ်သာအောင် ဟမ်ဘာဂါတစ်ခုကို အလျင်အမြန်စားလိုက်တယ်။
နောက်မိနစ်40နေရင် ကုမ္ပဏီကိုပြန်သွားပြီး အရေးကြီး ဖောက်သည်နဲ့ အလုပ်ကိစ္စချိန်းထားတာ ရှိသည်။
HoSeok ခေါင်းထဲမှာ နောက်မိနစ်40နေရင် ဖောက်သည်နဲ့ ပြောမဲ့ လုပ်ငန်းစဉ်တွေ တစ်ခုပြီး တစ်ခုစီစဉ်နေမိသည်။
ဘာလို့ ထမင်းစားချိန်မှာတောင် အလုပ်ကိစ္စကို တွေးနေလည်းဆိုရင် အချိန်ပိုမဆင်းချင်လို့ပါ။
ကမ္ဘာပေါ်မှာ အချိန်ပိုလုပ်ရတာ နှစ်သက်တဲ့ ဝန်ထမ်း ဘယ်မှာရှိမှာလဲ။
အလုပ်များသော ပရောဂျက်ကြောင့် အိမ်မှာပုံနေသော အိမ်အလုပ်တွေကို လုပ်ရအုံးမည်။
ဒီနေ့သေရမယ်ဆိုရင်တောင် အချိန်ပို မဆင်းနိုင်ပါ။HoSeok သူစောင့်နေသောသူကို စိတ်မရှည်တော့တာမို့ ဆက်သွယ်ရန် ဖုန်းကို ထုတ်လိုက်သည်။
" တောင်းပန်ပါတယ် Hyungအကြာကြီးစောင့်လိုက်ရလား ကားလမ်းတွေ အရမ်းပိတ်နေလို့ အဲ့လိုမှန်းသိရင် မြေအောက်ရထားနဲ့ပဲ လာခဲ့ပါတယ် "