သူ့ကိုမြင်ထဲက စိုက်ကြည့်နေသော
အရှေ့က လူရဲ့အကြည့်ကရှောင်းကျန့်ကိုနေရခက်စေတယ်။ထိုလူရဲ့အကြည့်တွေက ဘာရယ်ကြောင့်မှန်းမသိ ဝမ်းနည်းစေတယ်။
"နေလို့ ကောင်းရဲ့လား မစ္စတာ"
"ဟုတ်ကဲ့ ကိုယ်နေလို့ကောင်းပါတယ်"
"မစ္စတာရဲ့မိသားစုတွေကိုဆက်သွယ်ဖို့
ဖုန်းနံပတ်လေးကျွန်တော့်ကိုပေးပါလား
ဒါမှ အိမ်ကမစ္စတာသားသမီးတွေကသိမှာမဟုတ်လား"ရှောင်းကျန့်ကပြောရင်း ဝမ်ရိပေါ်ကို ဖောင်ဖြည့်ဖို့ပေးသည်။
ဝမ်ရိပေါ် ဖောင်ပေါ်တွင် 2050ကိုရေးနေတုန်း
ရှောင်းကျန့်က အနားကပ်လာပြီး"2021လေ မစ္စတာ"
"2021?....ဒါ..ဒါဆိုဒေါက်တာ့နာမည်က?"
"ကျွန်တော် ကင်ဆာဌာနက ဒေါက်တာရှောင်းကျန့်ပါ"
"ရှောင်းကျန့်!.."
ဟုတ်တယ်သူပဲ။သူ့ရှေ့ကလူ နှုတ်ခမ်းအောက်မှာ
မှဲ့နက်လေးနဲ့ဒီလူ။ဒီအပြုံး....စတွေ့ထဲကနှစ်၂၀ကျော်ထိတိုင်အောင်မေ့မရနိုင်တဲ့ဒီအပြုံး ဒီမျက်ဝန်းတွေဟာ
ဒီလူတစ်ယောက်ပါပဲဆိုတာသက်သေပြနေပြီ။သို့ပေမယ့်ရှောင်းကျန့်က ၂၀ကျော်အရွယ်
ဆရာဝန်တစ်ယောက်ဖြစ်နေသည်။ဝမ်ရိပေါ်ရဲ့အသက်အရွယ်ဟာတော့ အနာဂတ်ကအသက်၅၃နှစ်အရွယ်အဖိုးကြီးတစ်ယောက်သာဖြစ်တယ်။ရှောင်းကျန့်ကအရှေ့က မစ္စတာရဲ့လက်တွေဟာ
တုန်ရင်နေတာကြောင့် သူပဲဖောင်ဖြည့်ပေးဖို့ခွင့်တောင်းလိုက်တယ်။"မစ္စတာအဆင်မပြေရင် ကျွန်တော်လုပ်ပေးပါမယ်"
ရှောင်းကျန့်ဟာဝမ်ရိပေါ်လက်ထဲက ဖောင်စာရွက်ကိုလွှဲယူလိုက်ကာ
"မစ္စတာနာမည်ကဘယ်လိုခေါ်လဲဗျ...."
"ဝမ်...ဝမ်ရိပေါ်ပါ"
"ဝမ်ရိပေါ်~"
ရှောင်းကျန့် သူ့နာမည်ခေါ်တဲ့အသံချိုချိုလေးဟာ
စတွေ့တုန်းကအတိုင်းပဲ ဝမ်ရိပေါ်ရဲ့ရင်ထဲမှာ
ချိုမြိန်လတ်ဆတ်နေတုန်းပင်။