ဝမ်ရိပေါ်နဲ့ချိန်းထားတဲ့အချိန်ကအရမ်းကိုနောက်ကျနေပြီမို့ ရှောင်းကျန်းကချိန်းဆိုထားတဲ့နေရာကို အတက်နိုင်ဆုံးအမြန်ပြေးလာခဲ့တယ်။
ရှောင်းကျန့်အကျီမှာဆွတ်ထားတဲ့ ရေမွှေးနံ့တွေကမရှိတော့ဘူး။ခွဲခန်းထဲကထွက်လာရတာမို့ ရေမွှေးနံ့နေရာမှာ ပိုးသတ်ဆေးနံ့တွေကအစားထိုးသွားခဲ့ပြီ။
ရှောင်းကျန့် ချိန်းဆိုထားတဲ့နေရာရောက်ခါနီး တစ်ဖက်မျက်နှာချင်းဆိုင်လမ်းကနေ သူနဲ့နည်းတူပြေးလာသော ဝမ်ရိပေါ်ကိုတွေ့လိုက်တယ်။
"အယ်....မစ္စတာဝမ်!"
"ဒေါက်တာရှောင်း!"
ဝမ်ရိပေါ်ကလည်းရှောင်းကျန့်နဲ့နည်းတူအံ့ဩနေတဲ့လေသံဖြင့်။
________________________________
နှစ်ယောက်လုံးရောက်လာတဲ့အချိန်ကညတော်တော်နက်နေပြီဖြစ်တာမို့ ဆိုင်ကပိတ်သွားပြီဖြစ်ဝာာကြောင့် ဝမ်ရိပေါ်က၂၄နာရီဆိုင်က ပဲနို့ဗူဝယ်ကာ ရှောင်းကျန့်ကိုပေးတယ်။"ကိုယ်နောက်ကျသွားပြီထင်တာ"
"ကျွန်တော်ရောပဲ နောက်ကျသွားပြီထင်တာ"
နှစ်ယောက်လုံးပြိုင်တူရယ်မောလိုက်ကြတယ်။
ရှောင်းကျန့်နဲ့ချိန်းထားတဲ့နေရာကိုရိပေါ်လာနေတုန်း ရုံးချုပ်ကနေ အရေးကြီးကိစ္စနဲ့ဆက်သွယ်ခဲ့တာမို့ လမ်းကြုံ လူဆိုးဝင်ဖမ်းခဲ့ရသေးတယ်။
"အယ်....မစ္စတာဝမ်ရဲ့နှဖူးမှာထိခိုက်ထားတာပဲ"
ခဏကအမှောင်ထဲမှာဖြစ်တာကြောင့်ရိပေါိမျက်နှာကိုကောင်းကောင်းမမြင်ရခဲ့။အခုထိုင်နေတဲ့နေရာက ၂၄နာရီဆိုင်ရှေ့မှာ ချထားပေးတဲ့စားပွဲလေးဖြစ်တာကြောင့် အလင်းရောင်ကိုလုံလောက်စွာရပြီး တစ်ယောက်မျက်နှာတစ်ယောက်ကောင်းကောင်းမြင်ရတယ်။
"အာ...ဒါလား။ခဏက အလုပ်ကိစ္စကြောင့်ထိမိသွားတာထင်တယ်။ဘာမှမဖြစ်ပါဘူး..သတိတောင်မထားမိဘူး"
"ဒီလိုထားလို့ဘယ်လိုဖြစ်မလဲ...ခဏလေး"
ရှောင်းကျန့်ကပြောပြီး ဆိုင်ထဲကိုခဏဝင်သွားကာ ပိုးသတ်ဆေး ဂွမ်းနဲ့ပလာစတာကိုယူပြီးထွက်လာတယ်။