အရှေ့စားပွဲပေါ်တွင်တင်ထားသော
စာအုပ်အညိုလေးကိုဖွင့်ဖတ်သင့်လား မသင့်လား
ရှောင်းကျန့်တွေးနေမိတယ်။ပိုင်ရှင်ဖြစ်တဲ့မစ္စတာဝမ်ရိပေါ်ကတောင်
ခွင့်ပြုတာ ဖွင့်ဖတ်သင့်တယ်ထင်တယ်။ရှောင်းကျန့်ဟာ အတန်ကြာသည်ထိစာအုပ်ကိုစိုက်ကြည့်နေပြီး မနေနိုင်တဲ့အဆုံးဖွင့်ဖတ်ခဲ့တယ်။
(အတိတ်)2021
အမှု့လိုက်ရင်း ဝမ်ရိပေါ်နဲ့အတူပါလာတဲ့
ရဲတပ်သားငယ်ရဲ့ဝမ်းဗိုက်ထဲကို တစ်ဖက်ရာဇဝတ်ကောင်ရဲ့ ဓါးချက်ကစိုက်ဝင်သွားခဲ့တယ်။ကံကောင်းစွာဖြင့် ဝမ်ရိပေါ်ကဗိုက်မှာဓါးဖြင့်ရှပ်ထိတဲ့
ဓါတ်ရာ အသေးစားလေးသာရခဲ့တယ်။မိဘဆွေမျိုးမရှိတဲ့ ရဲတပ်သားငယ်လေးခွဲခန်းဝင်တုန်း
ဝမ်ရိပေါ်က ဆေးရုံကော်ရစ်တာကထိုင်ခုံပေါ်မှာ
တစ်ညလုံးထိုင်စောင့်ပေးခဲ့ပြီး နေမအိပ်ညမအိပ်ပဲ
ရာဇဝတ်ကောင်ကိုလိုက်ဖမ်းရလို့ ပင်ပန်းထားတဲ့အရှိန်ကြောင့် မှေးခနဲအိပ်ပျော်သွားခဲ့တယ်။ပါးပေါ်တွင် အေးစက်စက်အရာတစ်ခုလာမထိတွေ့ခင်အချိန်ထိ..........
သူ့ပါးပေါ်ကိုအေးစက်စက်အရာတစ်ခုက
လာထိတွေ့နေတာကြောင့် ဝမ်ရိပေါ်ဟာလန့်နိုးသွားခဲ့တယ်။"နိုးလာပြီလား မစ္စတာ"
ဝမ်ရိပေါ်တကယ်လန့်သွားတာ။ညကြီးမှာဒီလူကဘာလို့အရှေ့မှာ ငုတ်တုတ်ထိုင်ပြီးမသိတဲ့သူစိမ်းရဲ့ပါးကို
နို့အေးဗူးနဲ့လာကပ်ရတာလဲ။သရဲမျက်နှာကိုလာကိုင်နေတယ်ထင်သွားခဲ့တာ။
ဆေးရုံကြီးမှာဒီလိုလုပ်စရာလား။ဝမ်ရိပေါ်ဟာ သေနတ် ကျည်ဆံများကိုမကြောက်ပေမယ့် သရဲတော့ကြောက်တက်ပါတယ်။
"ဘယ်သူလဲ ကျွန်တော့်ကိုသိလို့လား"
ဝမ်ရိပေါ် တကယ်စိတ်မကြည်နေဘူး။
လန့်သွားတဲ့အရှိန်ကြောင့်ရော အိပ်မောကျနေတဲ့
အချိန်နှိုးခံလိုက်ရတာကြောင့် တော်တော်ကိုစိတ်မကြည်နေဘူး။