ရှောင်းကျန့်ကစာအုပ်ထဲကအကြောင်းအရာများကိုဖတ်ပြီး ရင်ဘတ်ဟာအောင့်တက်လာတယ်။
ဒါကအတိအကျကြီးမို့ ဘယ်လိုမှလီဆယ်ပြောဆိုထားတဲ့ကိစ္စများမဖြစ်နိုင်။ပြီးတော့ မစ္စတာဝမ်ရဲ့ကိုယ်ကျင့်တရားကို ရှောင်းကျန့်ကယုံကြည်တယ်။
ရှောင်းကျန့်မျက်ဝန်းထဲတွင်မျက်ရည်များဟာ ရှောင်းကျန့်ရဲ့အမြင်အာရုံတွေကိုဝေးဝါးစေပြီး။ဘယ်ဘက်ရင်အုံကိုပိုနာကျင်စေတယ်။
ရှောင်းကျန့် သူ့မျက်ရည်တွေကိုအကြမ်းပတမ်းသုတ်ပစ်လိုက်ပြီး ဝမ်ရိပေါ်ရှိမယ်ထင်သည့်နေရာသို့ပြေးသွားတယ်။
တိုက်ဆိုင်စွာပင် အများကြီးရှာစရာမလိုပဲ ဆေးရုံကော်ရစ်တာမှရပ်နေတဲ့ ဝမ်ရိပေါ်နဲ့တွေ့တယ်။အကြည့်ချင်းဆုံမိတော့ရှောင်းကျန့်ခင်ဗျာ ရှက်ကိုးရှက်ကန်း။
"အလောတကြီးသွားစရာရှိလို့လား ဒေါက်တာရှောင်း"
"အာ..မဟုတ်ဘူဗျ။ကျွန်တော်မစ္စတာဝမ်ဆီ လာမလို့"
ရှောင်းကျန့်ကဝမ်ရိပေါ်အတွက်Black coffeeတစ်ခွက်ဝယ်ပြီးဆေးရုံကော်ရစ်တာက ထိုင်ခုံမှာထိုင်နေတဲ့ဝမ်ရိပေါ်ကိုပေးပြီး သူလည်းဝမ်ရိပေါ်ဘေးမှာထိုင်နေတယ်။
"မစ္စတာဝမ်က တကယ်သာကျွန်တော့်အနာဂတ်က ခင်ပွန်းတစ်ယောက်အနေနဲ့ကျွန်တော့်ကိုပြောစရာစကားများမရှိဘူးလား"
ဝမ်ရိပေါ်ကရှောင်းကျန့်စကားကြောင့် ထောင့်နှစ်ဖက်ဟာအပေါ်သို့ကွေးညွှတ်သွားခဲ့တယ်။
"ကိုယ်ကမင်းရဲ့အနာဂတ်ကခင်ပွန်းဆိုတာယုံတယ်ပေါ့။ကိုယ့်အနေနဲ့စာအုပ်ထဲမှာ လိမ်ညာပြီးပြောဆိုထားတယ်လို့ရော ဒေါက်တာရှောင်းအနေနဲ့မတွေးမိဘူးလား"
"မစ္စတာဝမ်ကလိမ်ညာပြီးပြောဆိုမှမဟုတ်ဘူးလို့ကျွန်တော်ထင်ပါတယ်။"
သူတို့နှစ်ယောက်ရဲ့လေထုဟာတစ်ဖန်ပြန်တိတ်ဆိတ်သွားကြပြန်ပြီ။
"တကယ်လို့ အတိတ်က ကိုယ်နဲ့တွေ့ရင် မပတ်သက်ပါနဲ့"
ရှောင်းကျန့်ရဲ့လက်သီးဆုတ်လေးဟာတင်းကြပ်သွားတယ်။မစ္စတာဝမ်ကဘာလို့ဒီလိုပြောရက်ရတာလဲ။