သူ့ဆရာဝမ်ရိပေါ်က
သူ့ဆရာဝမ်ရိပေါ်က နေ့တိုင်းသူ့ဆီလာနေလို့မုရွမ်ကြောက်ရွံ့လာမိတယ္။ဝမ်ရိပေါ် ကဒီထက်ဆိုးဝါးတဲ့ဒဏ်ရာတွေရှိရင်တောင် နီးရာဆေးခန်း ဒါမှမဟုတ် ဆရာဝန်ကိုသာလာရောက် ကုသစေခဲ့တယ်။
သူ့ဆရာဝမ်ရိပေါ်ကဆေးရုံကိုမုန်းတယ်ဆိုတာ မုရွမ်ကသိထားတယ်။
"ကျွန်တော်သက်သာနေပါပြီ ဆရာဝမ်
နောက်နှစ်ရက်လောက်နေရင်ဆေးရုံကဆင်းလို့ရပါပြီ""ဟုတ်လို့လား!"
"ဟုတ်ကဲ့...ခဏလေးကတင်ဒေါက်တာပိုင်စစ်ဆေးရင်းလာပြောသွားတာပါ ဆရာဝမ်"
သူ့ဆရာအခြေအနေကိုဘာမှမသိတဲ့မုရွမ်ကပြူးကြောင်ကြောင်လေးနဲ့ ဝမ်ရိပေါ်ကိုကြည့်ပြီးပြန်ဖြေတယ်။တကယ့်ကောင်။
ဝမ်ရိပေါ်ကမုရွမ်ကိုဆေးရုံကမဆင်းစေချင်သေးဘူး။သူဒေါက်တာရှောင်းကိုမတွေ့သေးဘူးလေ။ဒေါက်တာရှောင်းက ကင်ဆာဌာနကမှန်းသိပါတယ်။သို့ပေမယ့် ဝမ်ရိပေါ်ကတစ်ယောက်ယောက်ကိုမေးဖို့ဝန်လေးနေခဲ့တယ်။
"ဒဏ်ရာကတကယ်ရော သက်သာရဲ့လား?"
"သက်သာပါတယ် ဆရာဝမ်"
"ဆေးရုံထပ်တက်ဖို့လိုသေးတယ်မလား?"
"မလိုတော့ပါဘူး ကျွန်တော်ေတာ်ေတာ်နေကောင်းနေပါပြီ ဟဲဟဲ"
မုရွမ်ကသူနေကောင်းပြီဖြစ်ကြောင်းကိုခြေလက်များလှုပ်ကာပြောပြတယ်။
"ဘာလို့ဒီလောက်မြန်မြန်ပြန်ကောင်းလာရတာလဲ"
"ခင်ဗျာ!"
"ဘာမှမဟုတ်ဘူး ငါမင်းအတွက်စားစရာတစ်ခုခုသွားဝယ်ပေးမယ်လို့ပြောတာ"
မုရွမ်ကတော့ ခပ်သွက်သွက်ထွက်သွားတဲ့ သူ့ဆရာနောက်ကျောပြင်ကို ကြောင်တောင်တောင်သာကြည့်နေမိတယ်။
"ဆရာဝမ်က ဘာလို့ငါ့အပေါ်ဒီလောက်ကောင်းသွားရတာလဲ?"
ဝမ်ရိပေါမုရွမ်အခန်းထဲကနေခပ်သွက်သွက်ပြေးထွက်လာခဲ့တယ်။ဝမ်ရိပေါ်ကမုရွမ်ကိုနေပြန်မကောင်းစေချင်သေးပါ။ယုတ်မာတာတော့မဟုတ်ပါဘူး။ယုတ်မာတာပဲထားပါတော့။