1

3.9K 269 18
                                    

ကျွန်တော့်နာမည် ရှောင်ကျန့်ပါ ကျွန်‌တော်ကတယောတီးရတာ သဘောကျတယ်။ ကျွန်တော် ပြိုင်ပွဲတွေဝင်ပြိုင်ဖြစ်တယ်။ ကျွန်‌တော်အကျွမ်းကျင်ဆုံးကတယော ထိုးထာပါပဲ။
ကျွန်တော့်ကမ္ဘာလေးကအမြဲမှောင်မဲနေတယ်။ ဒါပေမယ့်ကျွန်တော်ဒါကိုသဘောကျတယ် ရှုပ်ထွေးလွန်းတဲ့ လူ့လောကကြီးကိုကျွန်တော်ထပ်မမြင်ချင်ဘူး။ ကျွန်တော်ချစ်ရသူနဲ့ ကျွန်တော့်ရဲ့ အမေကိုမြင်ဖူးခဲ့ပြီ။ကျွန်‌တော့်အတွက်လုံလောက်ပါပြီ။
မွေးရာပါမျက်မမြင်တစ်ယောက် ဖြစ်တဲ့ ကျွန်တော့်ကို ကျွန်တော်ချစ်တဲ့သူတွေနဲ့ ခနတာမြင်ခွင့်ပေးတဲ့ ညီငယ်လေးတစ်ယောက်ကိုကျေးဇူးတင်မိတယ်။
---------
"အားကျန့် မနက်ဖြန် မျက်ကြည်လွှာရောက်မယ် သားလေးစိတ်မလှုပ်ရှားဘူးလား"

"အရမ်းပျော်တယ် မား မားကိုတွေ့ခွင့်ရတော့မယ် အရမ်းပျော်တယ်"

"သားလေးရာယ် မားသေရမယ်ဆိုရင်တောင်ကျေနပ်ပါတယ် "

"အဲ့လိုမပြောပါနဲ့မားရာယ် သားစိတ်မကောင်းအောင်လို့"

-------
"ရိပေါ်မ နက်ဖြန်မျက်ကြည်လွှာအစားထိုးကုဖို့အတွက်ပြင်ဆင်ထားပါ"

"ဟုတ်ကဲ့ ဆရာရှင်း"

ဆရာရှင်းက အထူးကုဆရာဝန်ကြီးဖြစ်ပြီး ရိပေါ်ကအခုမှ houseဆင်းတဲ့ဆရာဝန်ပေါက်စလေးဖြစ်တယ်။ မနက်ဖြန်ခွဲစိတ်မှုအတွက် သူစိတ်လှုပ်ရှားနေတယ်။ ပထမဆုံးမဟုတ်ပေမယ့်လဲပေါ့။ ဒါနဲ့လူနာကိုသူသွားတွေ့ဖို့လုပ်လိုက်တယ်။

"ဒီကရှောင်ကျန့်နော်"

"ဟုတ်ပါတယ် ဆရာ"

သူ့အသံလာယာကို မမြင်မစမ်းနဲ့မှန်းပြီး ပြုံးပြနေပုံလေးကို သူဂရုဏာသက်မိတယ် ငယ်ငယ်ကတည်းက မျက်လုံးမမြင်ခဲ့ဘူးဆိုတော့ ဘယ်လောက်သနားစရာကောင်းတဲ့ကလေးလဲ ။ဒါကြောင့်ရိပေါ်ကသူ့လက်ကလေးကိုသေချာဆုပ်ကိုင်လိုက်ပြီး...

"မကြောက်နဲ့နော် ငါ့နာမည်ရိပေါ်ပါ မင်းကိုခွဲပေးရမယ့်ဆရာဝန်ပဲ"

"ဟုတ်ကဲ့ပါ ဆရာ"

"မင်းကအရမ်းချစ်ဖို့ကောင်းတယ် မနက်ဖြန်မင်းရဲ့ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကိုမြင်ခွင့်ရတော့မယ်"

The Eyes (Completed)Where stories live. Discover now