ဒီနေ့လီလီလေးကိုခွဲစိပ်ရမှာမို့လိုရှောင်ကျန့်ဆေးရုံကိုစောစောသွားလိုက်တယ် ဟိုရောက်တော့လီလီကခွဲခန်းဝင်ရန်ပြင်ဆင်နေပြီဖြစ်ရာ လီလီကိုအဓိကကိုင်တွယ်မည့်သူက ဆရာရှင်းကိုယ်တိုင်ဖြစ်တယ်..
"လီလီ အားတင်းထားနော် ပြန်ထွက်လာရင်လီလီ ကျန်းမာသွားတော့မှာ"
"ဟုတ်ကောကော "
ခွဲခန်းထဲဝင်သွားတဲ့ လီလီနဲ့ဆရာရှင်းတို့ကိုကြည့်ပြီးရှောင်ကျန့် ဆုတောင်းပေးနေမိတယ်.....
"ကျန့်ကျန့်"
ရိပေါ်ရဲ့အသံကြောင့် ရှောင်ကျန့်လှည့်ကြည့်လိုက်ပြီး
"ဝမ်! အလုပ်မရှိဘူးလား"
"ကိုယ် Round လှည့်ပြီးသွားပြီ နားနေခန်းမှာ စောင့်ရအောင် ခွဲစိပ်မှုကကြာဦးမှာ"
"ဟုတ် ဝမ်"
"ဒါနဲ့ကျန့်ကျန့် ညနေအပြန်ကိုယ့်ကိုစောင့်ပါလား ကျန့်ကျန့်ကိုပြောစရာရှိလို့"
"အခုပြောလို့မရဘူးလား"
"မရဘူး ...ခနနေကိုယ် Jutyရှိသေးတယ်"
"ဟုတ်..ဝမ်"
ရိပေါ်ကရှောင်ကျန့်ခေါင်းလေးပွတ်ပြီး ပြုံးလိုက်တယ် ..ထိုစဉ်
"ဆရာ လူနာရှင်မိသားစုရောက်ပြီ"
"အိုကေ လာခဲ့မယ်"
"ကျန့်ကျန့် ကိုယ်သွားလိုက်ဦးမယ်နော်"
ရှောင်ကျန့်ခေါင်းလေး အသာညိမ့်ပြပြီး လီလီလေးအတွက်ဆုတောင်းပေးနေတယ် တစ်နာရီကျော်တာတောင် ခွဲစိပ်မှုကမပြီးသေးတာကြောင့်ရှောင်ကျန့်အိပ်ပျော်သွားတယ်.....
"ကောကော ကောကော"
လီလီရဲ့အသံကြောင့်ရှောင်ကျန့်နိုးလာတယ်..
"ဟင်!လီလီ ပြန်တောင်ထွက်လာပြီလား ကောကောအိပ်ပျော်သွားတယ်"
"ကောကော လီလီဒီဆေးရုံမှာနေစရာမလိုတော့ဘူး"
"ဝမ်းသာလိုက်တာ လီလီလေးအိမ်ပြန်ရတော့မှာပေါ့"
"ကောကောလဲ ကျန်းမာရေးဂရုစိုက်နော် လီလီသွား တော့မယ်"
"အင်း အင်း"
YOU ARE READING
The Eyes (Completed)