3

1.6K 207 8
                                    

"မား ကလေးလေးတစ်ယောက် သူအမှတ်စာရင်းပျောက်လို့တဲ့"

"အားကျန့် သားကမျက်လုံးအခုမှ ပြန်မြင်ရတာ အရမ်းအာရုံမစိုက်နဲ့ သားရဲ့မျက်လုံးက ပုံမှန်ဖြစ်သေးတာမဟုတ်ဘူး ဆရာဝန်ကြီးကလဲပြောထားတယ်မဟုတ်လား"

"မား ကျွန်‌တော်အခုမှ မြင်ဖူးတာဆိုပေမယ့် အမှားအမှန်တော့ ခွဲခြားတတ်ပါတယ်"

"တော်ပြီ ရေချိုးတော့ ညစာစားမယ်"
-------
ရှောင်ကျန့် အချိန်ပိုင်းအလုပ်စဝင်နေပြီဖြစ်ရာ မားအတွက်ငွေရှာနိုင်ပြီဆိုတဲ့အသိစိတ်နဲ့သူကြည်နူးရတယ်။ အလုပ်ကအပြန်ဆေးရုံကို ရက်ချိန်းဝင်ပြရမည်ဖြစ်တာကြောင့် သူဆေးရုံအပေါ်ထပ်၅လွှာကိုတတ်ရန် ဓာတ်လှေကားစောင့်နေလိုက်တယ်။..ဓာတ်လှေကား ကျလာတော့ သူအထဲကိုဝင်လိုက်တယ်။...သူဝင်လာတုန်းက ဘယ်သူမှမ‌ရှိပေမယ့် အထဲရောက်တော့ အနောက်မှာတစ်ယောက်ယောက်ရှိနေသလိုခံစားနေရတယ်။..ရှောင်ကျန့်မျက်လုံးကိုသာမှိတ်ပြီး အပေါ်ရောက်တဲ့အထိစီးလာခဲ့လိုက်တယ်။...
သူအပေါ်ထပ်ကိုရောက်တော့ ဆရာရှင်းကိုသာတွေ့လိုက်ရတယ်။ ရိပေါ်ကိုအားကိုးတစ်ကြီးရှာပေမယ့် သူကဂျူတီချိန်ပြီးသွားသဖြင့် အိမ်ပြန်သွားတာကြောင့် လိုအပ်တဲ့‌ဆေးတွေယူပြီး ပြန်ဖို့လုပ်လိုက်တယ်။ ဆရာရှင်းကိုလဲ သူမပြောတော့ဘူးဟုဆုံးဖြတ်လိုက်စဉ် ဆရာရှင်းက..

"လူပိုတွေမြင်နေရသေးလား"

ဆရာရှင်းက မေးလာတော့ သူအားတတ်သွားတယ်။

"ဟုတ် ဆရာ"

"အင်း အဲ့ဒါတွေမြင်နေရတယ်လို့ မင်းလျှောက်မပြောနဲ့ မင်းကိုအရူးထောင်ပို့လိမ့်မယ်"

"ဆ ဆရာ"

"ငါပြောတာပဲသေချာမှတ်ထား"

"ဟုတ်"
---

ရှောင်ကျန့်လေးပင်စွာနဲ့ လမ်းလျှောက်လာရင်း ခုနကဓာတ်လှေကားရှေ့ရောက်တော့ အထဲမှာတော့....
ခွဲစိပ်ခန်းဝတ်စုံနဲ့အဖိုးကြီးတစ်ယောက် ကျောပေးပြီး ရပ်နေတာတွေ့လိုက်တယ် သူလန့်သွားတာက ထိုအဖိုးကြီးကCCTV ထဲမှာမပေါ်ပေ..သူချက်ချင်းမဝင်ရဲသေးပဲစောင့်ကြည့်နေတယ်။ ခနနေတော့ စုံတွဲနှစ်ယောက်ဝင်သွားတာကို သူစောင့်ကြည့်နေလိုက်တယ်။ ထိုစုံတွဲ‌နှစ်ယောက်ကတော့ အဖိုးကြီးကိုမြင်တဲ့ပုံမပေါ်ပဲ ရာယ်မောနေကြတယ်။ သူလဲအဲ့လိုမသိချင်ဟန်ဆောင်လိုက်ရင်အဆင်ပြေတာပဲဟုတွေးကာ ဓာတ်လှေကားကို စောင့်နေလိုက်တယ် ဓာတ်လှေကားပြန်ရောက်လာတဲ့အထိ အဖိုးကြီးက ရှိနေဆဲပင် သူမျက်လုံးစုံမှိတ်ကာ အထဲဝင်သွားလိုက်တယ် ဒီတစ်ခါတော့ သူအလာတုန်းကအတိုင်းအဖိုးကြီးက ငြိမ်နေတာမဟုတ်ပဲ သူ့နားကိုဖြေးဖြေးချင်းတိုးလာတယ်။ သူလဲကြောက်နေပေမယ့် စပ်စုချင်စိတ်ကလဲရှိနေတာကြောင့် တံခါးပွင့်ခါနီးမှာလှည့်ကြည့်မိလိုက်ရာ.....

The Eyes (Completed)Where stories live. Discover now