4

1.5K 202 10
                                    

"အားကျန့် ပြန်လာပြီလားနောက်ကျလိုက်တာ"

"မား...၃လွှာက ကလေးလေးကိုသိတယ်မဟုတ်လား လွန်ခဲ့တဲ့၂လက"

"အော် သိတယ်လေ"

"ဘာဖြစ်လို့သေသွားတာလဲ"

"အဲ့ဒီ ၃လွှာ လှေကားနားက နေခုန်ချတယ်ပြောတာပဲ ဘာကြောင့်လဲတော့မသိဘူး"

"အော်"

"အဲ့ဒီကလေးရဲ့အဖေက ကလေးကိုတစ်ချိန်လုံးရိုက်နေတာ အဲ့တာကြောင့်စိတ်ထိခိုက်တာလဲပါမှာပေါ့"

ခဏတာ တိတ်ဆိတ်ပြီးနောက်...

"မား မနက်ဖြန်သားအပြင်သွားစရာရှိတယ်"

"ဘယ်ကိုသွားမှာလဲ ဘယ်မှသွားတတ်တာမဟုတ်ပဲနဲ့"

"စိတ်မပူပါနဲ့ ဒေါကိတာဝမ်နဲ့သွားမှာ"

"ဒေါက်တာနဲ့ဆိုရင်တော့ စိတ်ချပါတယ် ဒေါက်တာကိုလဲ အရမ်းအခက်တွေ့အောင်မလုပ်နဲ့နော်"

"ဟုတ်"
------
မနက်ကြတော့ ရိပေါ်ကရှောင်ကျန့်ကွန်ဒိုအရှေ့မှာစောင့်နေတယ်...ရှောင်ကျန့်အပေါ်ကနေဆင်းဆင်းချင်းရိပေါ်ကိုတွေ့လိုက်ရသဖြင့်အံ့ဩသွားကာ...

"ဆရာရာယ် ဘယ်ကတည်းကရောက်နေတာလဲ ဖုန်းဆက်ရောပေါ့ အားနာလိုက်တာ"

"ရပါတယ် ကိုယ်ဒီနေ့တစ်နေ့လုံးအားနေတယ်"

"ဒါဆိုကျွန်တော်တို့ဘယ်သွားကြမလဲ"

"ရုပ်ရှင်သွားကြည့်မလား ကျန့်ကျန့်မကြည့်ဖူးဘူးမဟုတ်လား"

"ဟုတ် ဟီး ဟီး"

ရှောင်ကျန့်က ကားပေါ်တတ်ပြီးရှေ့ခန်းမှာထိုင်လိုက်တယ် ရိပေါ်က ကားကိုဖြည်းဖြည်းချင်းမောင်းရင်း မှန်ထဲကနေ ရှောင်ကျန့်မျက်နှာလေးကိုခိုးခိုးကြည့်နေတယ် ...

*လှရက်လိုက်တာ မျက်ခုံးတန်းတန်းလေးတွေနဲ့ မျက်လုံးရွဲ‌ လေးတွေ.....ရာယ်လိုက်ရင်လည်းချစ်စရာယုန်သွားလေးတွေထင်းနေပြီး နုတ်ခမ်းအောက်ကမှဲ့နက်ကလေးကိုလဲပိုင်ဆိုင်ထားသေးတယ်...တကယ်ပြည့်စုံတယ်*

"ဆ ဆရာ ကျွန်တော်မျက်နှာတစ်ခုခုဖြစ်နေလို့လား "

"အာ မဟုတ်ပါဘူး ဒီလောက်လှတဲ့လူတစ်ခါမှမတွေ့ဖူးလို့"

The Eyes (Completed)Hikayelerin yaşadığı yer. Şimdi keşfedin