8 🔞

1.7K 184 3
                                    

"ကျန့်ကျန့် ကိုယ်တို့နောက်နှစ်ပတ်လောက်မှာ ဘန်ကောက်ကိုသွားကြမယ်"

"အဲ့ဒီဆေးရုံက ဘန်ကောက်မှာလား"

"မဟုတ်လောက်ဘူး ဘန်ကောက်ကိုလေယာဉ်စီးပြီးမှ ဆက်ရှာကြမယ် "

"အဆင်ပြေပါ့မလား"

"ဘန်ကောက်ဆေးရုံကြီးမှာ ကိုယ့်သူငယ်ချင်းရှိတယ် "

"ဝမ်! ကျွန်တော်ဝမ့်ကိုကျေးဇူးတင်တယ်"

"ဒါပဲလား"

"ချစ်လည်းချစ်တယ်"

ရှောင်ကျန့်ကခေါင်းလေးငုံ့ကာ ရှက်ပြုံးလေးပြုံးပြီးပြောလာတော့ ရိပေါ်ကအသဲယားပြီး နုတ်ခမ်းလေးကိုဖိကပ်လိုက်တယ်......

"အဟမ်း"

ဆရာရှင်းရဲ့အသံကြောင့်နှစ်ယောက်လုံးလန့်သွားပြီး ရိပေါ်ကခေါင်းလေးကုတ်နေတယ်ရှောင်ကျန့်ကတော့ ခေါင်းကိုမဖေါ်တော့ပေ..

"ရိပေါ် ငါခွင့်တင်ပေးထားတယ် ၄ရက်လောက်ပဲရမယ်နော်"

"ဟုတ် ကျေးဇူးပါဆရာ"

-------------
ရှောင်ကျန့်နဲ့ရိပေါ်က ဘန်ကောက်ကိုသွားတဲ့ လေယာဉ်ပေါ် မှာဖြစ်တယ်....ရှောင်ကျန့်ကအရမ်စိတ်လှုပ်ရှားနေတာကိုရိပေါ်ကရိပ်မိသဖြင့် လက်ကလေးကိုဖွဖွလေးဆုပ်ကိုင်ပြီး......

"ကျန့် ဘာတွေတွေးနေတာလဲ အားလုံးအဆင်ပြေသွားမှာပါ"

"......."

"ကျန့်ကျန့် အခုတစ်လော လူပိုတွေမြင်နေရတယ်မပြောပါလား"

"မြင်ရတယ် နေရာတိုင်းမှာ‌ တွေ့တယ် ဒါပေမယ့် ကျန့်နေသားကျနေပြီ ပြီးတော့ဝမ်စိတ်ပျက်မှာလဲကြောက်တယ် ကျန့်ကအမြဲကြောက်လန့်နေတော့ ကြာရင်ဝမ်စိတ်ညစ်လိမ့်မယ်"

"အဲ့လိုမပြောပါနဲ့ ဒီတစ်ခါမြင်ရတာတွေကိုပြော ကိုယ်ပါသူတို့ကိုပြန်ကြောက်အောင်ခြောက်လိုက်မယ်"

"ခ်ခ် ဝမ်ကလဲနောက်နေပြန်ပြီ တစ်ကယ်တော့သူတို့ကသနားစရာပါ "

"အင်းပါ ကျန့်ကျန့်မကြောက်ရင်ကိုယ်ပျော်ပါတယ်"
-------

အလှူရှင်ရဲ့မျက်ကြည်လွှာက ဘန်ကောက်ဆေးရုံကနေရောက်လာတာဆိုတော့ အလှူရှင်ရဲ့လိပ်စာကို‌သိရဖို့ဒီဆေးရုံကိုသူတို့အရင်ရောက်လာခြင်းဖြစ်တယ်.....

The Eyes (Completed)Where stories live. Discover now