unicode
အလွန်တရခန်းနား၍ သပ်ရပ်သော အဆောင်တော် အဖြူရောင် ခန်းစည်းသည် အပြင်သို့ ထွင်းဖောက်မြင်နေရသည်
သပ်ရပ်သောအစေခံ၀တ်စုံနှင့် အစေခံများသည် စီရီစွာ ခံစားလျက် ။ အစေခံများ၏ ရင်ထဲတွင် ၎င်းတို့ မြတ်နိုးရသော မင်းသားလေး သတိရလာရင် ဆုတောင်းနေကြသည်။ အစေခံများထက် စိတ်ပူနေသူမှာ ရှင်းမင်းကြီး ဖြစ်သည် ။ရှင်းမင်းကြီးသည် အတော်ပင်ခန့်ညားလှ၏။ သို့သော်လည်း ကြင်ရာတော်မရှိသေးချေ။ သက်တော်မှာလည်းအတော်ပင် ငယ်ရွယ်သေး၏ ။ သိုင်းပညာ၊ ကိုယ်ခံပညာနှင့် စာပေဗဟုသုတလည်းကြွယ်၀သူဖြစ်သည်။ မင်းကြီးသည် အားနည်းချက်တခုပင်ရှိသည် ။ ဤသည်မှာ သူနှင့် ညီတော် မာန်ရီဟုန်ပင်ဖြစ်သည်။ ရှင်းမင်းကြီးသည် လမ်းကိုခေါက်တုံ့ခေါက်ပြန်လျှောက်နေလေသည် ။ ဘေးမှ မင်းကြီး၏ အထိန်းတော်ကြီးသည် စိမ်းမြရောင်၀တ်ရုံရှည်ကို ကျောက်စိမ်းခါးပတ်နှင့် ပတ်၍သပ်ရပ်စွာ၀တ်ဆင်ထားသည်။ ခေါင်းတွင် ဆံပင်များကို သပ်ရပ်စွာစည်းထားပြီး အထိန်းတော်များစောင်းလေ့ရှိသောနားရွက်ဖုံးဦးထုပ်တမျိုးကို စောင်းထားသည်။ အထိန်းတော်ကြီးသည် ရှင်းမင်းကြီး စိတ်ပူနေပုံကို ကြည့်၍ နေရသည်မှာ အနေခက်နေဟန်ပေါ်သည် ။"အရှင်မင်းကြီး သိပ်လည်းစိတ်မပူပါနဲ့ မကြာခင်သတိရလာမှာပါလို့ သမားတော်က ပြောသွားတယ်မလား "
ရှင်းမင်းကြီးသည် လမ်းလျှောက်နေခြင်းကို ခဏရပ်၍ အထိန်းတော်ကြီးအား မင်းဘာသိလို့လဲ ဟူသောအကြည့်မျိုးဖြင့်ကြည့်ကာ သက်ပြင်းချပြလိုက်သည် ။ အထိန်းတော်ကြီးလည်း ထပ်မံမပြောလိုတော့၍ ခေါင်းငုံကာ နောက်ဆုတ်သွားသည် ။ များမကြာမီပင် နူးညံ့၍ အတော်ချောမောသော အမျိုးသားငယ်၏ ဇင်ယော်မျက်ခုံများအနည်းငယ်လှုပ်လာလေသည် ။အသားအရည်မှာ နှင်းဖြူသားသကဲ့သို့ ဖြူစွတ်နူးညံ့လျက်။ရှင်းမင်းကြီး အသဲစွဲဖြစ်သည်မှာလည်း မလွန်ချေ ။ နူးညံ့သောမင်းသားငယ်၏ မျက်လုံးများပွင့်လာတော့မည် ။ မျက်လုံးမှာ အပြာရောင်လော ၊ အနက်ရောင်လော ၊ အညိုရောင်လော ။ ရင်ခုန်စရာ ထိုမျက်လုံးများသည် သာမာန်အချိန်၌ စူးရှုနေမည်လော ၊ နက်မှောင်နေမည်လော မသိ ။ ထိုစဥ် မဲနက်၍ စူးရှုလှသော မျက်လုံးများဖြည်းညင်းစွာ ပွင့်လာလေသည် ။ ထိုစဥ် ဘေးမှ ချင်းနွဲ့ ဟူသောသက်တော်စောင့်သည် ၀မ်းမြောက်၀မ်းသာဖြင့်
YOU ARE READING
မဟာဆန်သော ချစ်ခြင်း (on going)
ActionUnicode Hello pire ရဲ့ ပထမဆုံး Fic ကလေးပါ ။ ဒီဟာလေးက 18 + တွေပါမှာမဟုတ်ပါဘူး ။ အဓိက အသားပေးထားတာက မင်းသားနှစ်ပါးနဲ့ စစ်သူကြီးတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပါ ဒါ့အပြင် နန်းတွင်းအရှုပ်တော်မှုရဲ့ လှည့်စားမှုတွေ နောက် မာန်ရီဟုန်တစ်ယောက် တောတေ...