Unicode
မိုးရေများစိုနေသောဝတ်စုံအား ချွတ်၍ အစေခံများလာပေးသောဝတ်ရုံကိုစမ်းဝတ်ကြည့်နေသော မာန် ။ ဝတ်ရုံမှာ အတော်ပင်ရှည်လျားသည်။ သူနှင့်လည်းအတော်ပင်ကြီးနေသည်။ ပုခုံးချုပ်သားမှာ မာန့်လက်မောင်းဘေး၌ ပုံကျလျက်ရှိသည် ။ မာန်ဂျီးများမနေတော့ဘဲ ဝတ်ကာရေချိုးဆောင်မှ ခပ်သွက်သွက်ထွက်လာလေသည်။
မာန့်ဝတ်ရုံမှာ ကြီးနေသဖြင့် ခလုတ်တိုက်မလဲစေရန် အောက်ကိုသာကြည့်၍ လျှောက်နေသည်။ ထိုစဥ် ဘာကြီးမှန်းမသိသောအရာကြီးနှင့် ခေါင်းနှင့် တိုက်မိလေသည်။ ထိုအရာကြီးမှာ မာတောင့်တောင့်မနေပေ ။ ဤသည်မှာ ခွန်အာဏာ၏ ရင်ဘတ်ပင်ဖြစ်နေသည်။
မာန်၏လက်သည် ခွန်အာဏာ၏ ဘယ်ဘက်ရင်အုံပေါ်သို့တင်ထားသည်။ အနည်းငယ်ပွတ်ကြည့်သေးသည်။ ခွန်အာဏာသည် ရေချိုးရန် ရေချိုးဆောင်သို့လာခြင်းဖြစ်၍ အပေါ်ဝတ်ရုံတော်အား ချွတ်ခဲ့ခြင်းပင်။
မာန်၏ ခေါင်းသည် ခွန်အာဏာ၏ ညာဘက်ရင်အုံ၏ ရှိနေ၍ မာန်၏လက်မှာ ခွန်အာဏာ၏ ဘယ်ဘက်ရင်အုံ၌ရှိနေသည်။ ထို့ကြောင့် မာန်သည် ခွန်အာဏာ၏ ရင်ခွင်ထဲတွင် လုံးလုံးလျားလျားရောက်ရှိနေပြီဖြစ်သည်။
ခွန်အာဏာလည်း မိမိရင်ခွင်ထဲသို့အလိုအလျောက်ရောက်နေသောယုန်ဖြူကလေးအား အလိုက်တသိခါးကိုဖက်ပေးထားသည်။
မာန် ခွန်အာဏာ၏ရင်ဘတ်ကိုတွန်း၌ ထွက်ရန်ကြံစဥ် နောက်မှ ထိန်းထားသောခွန်အာဏာ၏လက်များတင်းကြပ်နေသဖြင့် မည်သို့မျှရုန်း၍မရ ။
"ခွန်အာဏာ ငါ့ကိုလွှတ်စမ်း "
အတင်းရုန်းနေသောယုန်ဖြူလေးသည် ရှက်၍လော ဒေါသထွက်၍လောမသိ နားရွက်ဖျားများနီရဲနေသည်။ သူနှင့်ကြီးနေသော မိမိ၏ဝတ်ရုံနှင့် ယုန်ဖြူကလေးသည် အားးပါးးပါးးး ချစ်စရာကောင်းလိုက်ပါဘိ။
"မလွှတ်ပါဘူး ဘယ်သူကကိုယ်တော့်ရင်ခွင်ထဲအရင်ရောက်လာတာလဲ "
မည်သို့မျှရုန်း၍မရတော့ ခွန်အာဏာ၏ ရင်ဘတ်အားစိတ်ရှိလက်ရှိထုရိုက်ပါတော့သည်။ ထိုစဥ် အံ့မင်းခန့်၏ အသံကြောင့် ယုန်ဖြူလေးအား မလွှတ်ချင်လွှတ်ချင်ဖြင့်လွှတ်ပေးလိုက်ရသည်။
YOU ARE READING
မဟာဆန်သော ချစ်ခြင်း (on going)
ActionUnicode Hello pire ရဲ့ ပထမဆုံး Fic ကလေးပါ ။ ဒီဟာလေးက 18 + တွေပါမှာမဟုတ်ပါဘူး ။ အဓိက အသားပေးထားတာက မင်းသားနှစ်ပါးနဲ့ စစ်သူကြီးတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပါ ဒါ့အပြင် နန်းတွင်းအရှုပ်တော်မှုရဲ့ လှည့်စားမှုတွေ နောက် မာန်ရီဟုန်တစ်ယောက် တောတေ...