ep 9

5 4 1
                                    

unicode

သတိပြန်ဝင်လာစဉ် မာန်၏ လက်တစ်ဖက်သည် စားပွဲပေါ်တင်ထားလျက် ။ ကျန်လက်တစ်ဖက်မှ ဓားအားယူရန်လှမ်းနေသည် ။ ခွန်အာဏာကြည့်ကောင်းနေသလား မသိ

ဓားအားဆွဲယူပြီး လေပေါ်မြောက်ကာ ခုတ်ရန်အပြင် ထိလုနီးနီးအချိန်တွင် လက်ဖက်ရည်ပန်းကန်ကို လက်ဖြင့်တောက်လိုက်သော ခွန်အာဏာ ။ တောက်လိုက်သောလက်ဖက်ရည်ပန်းကန်သည် ဓားကိုင်ထားသော မာန်၏ လက်ကောက်ဝတ်အားရိုက်ခတ်၍ လက်မှကိုင်ထားသော ဓားမွာ အလိုအလျောက်လွတ်ကျသွားသည် ။

ခွန်အာဏာသည် ထိုသူငယ်တကယ်မလုပ်ဘူးထင်၍ စမ်းလိုက်ခြင်းပင် ။ သူ၏ ယုန်ဖြူပေါက်စကလေးသည် ဤမျှသတ္တိရှိသလော ။နောက်ခွန်အာဏာသည်  မာန့်အား ပိုပို ချစ်မိလာလေတော့သည်။

ခွန်အာဏာ ပြုံးပြီးသက်သေအားယူ၍ အိမ်တော်သို့ပြန်လာခဲ့သည် ။ ဤ ကိစ္စသည်ပေါ့သေးသေးမဟုတ်။ သက်သေအားပြန်ရ၍သာပေါ့ မဟုတ်လျှင် ဘာဆက်ဖြစ်မယ်မှန်း မသိရ ။

ခွန်အာဏာသည် အဘယ်သောအခါမျှ နိုင်ငံရေးထဲဝင်မပါခဲ့ပေ ။ သူ၏မယ်တော် မင်းကြီးအားမှာကြားခဲ့သည်မှာလဲ ဤသည်ပင် ။

လဲလျောင်းနေသောမိဖုရားအား ငုံ့ကြည့်ကာ ရင်ထုမနာဝမ်းနည်းကြေ ကွဲနေသော မင်းကြီး ။ သူကိုယ်တိုင်သတ်ခဲ့မိလေရာ နာကျင်နေသော မိဖုရားမှာအသက်ထွက်လုနီးနီးတွင် ။ မြန်မာကားထဲကလိုပေါ့ မသေခင် ပြောချင်တာပြောလေသည် ။

"စိုင်း....ခွန့်ရဲ့သားလေးကို ဂရုစိုက်ပေးပါနော်.. ခွန်လေး ကြီးပြင်းလာရင် သိပ်အရေးမကြီးတဲ့ရာထူးပေးပြီး နိုင်ငံရေးလုပ်ဖို့မတိုက်တွန်းပါနဲ့နော် ဒါမွ သူအေးအေးလူလူနေနိုင်မှာ "

ခွန်အာဏာ၏မိခင်သည် ခွန်အာဏာအားမည်မျှချစ်သနည်း ။ အဘယ်သောရှင်ဘုရင်ကရော အချစ်ဆုံးသားတော်ကို ထီးနန်းမပေးဘဲနေချင်ပါမလဲ ။ ရှိရှိသမျှရှင်ဘုရင်များသည် သူတို့၏ သားဦး (သို့) အချစ်ဆုံးသားတော် (သို့) အရည်ချင်းအရှိဆုံးသားတော်အား ထီးနန်းလွဲပေးကြတာချည်းပင် ။

သူ့အလှည့်ကျမှ အရည်အချင်းရှိပြီး ချစ်လှစွာသောသားတော် ခွန်အာဏာအား မိဖုရား၏ နောက်ဆုံးဆန္ဒအရ မင်းမမြောက်ပင့်ရတော့ပေ ။ ထိုအစား သားဦးဖြစ်သူအား အိမ်ရှေ့စံမြောက်ရလေတော့သည် ။

မဟာဆန်သော ချစ်ခြင်း (on going) Where stories live. Discover now