unicode
ဘုရင့်ဥယာဥ်တော်အတွင်း မှတ်ဉာဏ်များ ရလိုရညား မာန် လမ်းဆင်းလျှောက်ပါသော်လည်း ထိုဥယာဥ်တော်နှင့် နန်းဆောင်များသည် မာန်နှင့် မရင်းနှီးခဲ့ပုံပေါ်သည် ။ သူဘာဆိုဘာမှ မမှတ်မိသေးချေ ။
ထိုစဥ် လဆောင်ဇရပ်တွင် လက်ဖက်ရည် ဖျော်၍ စောင့်နေသော အစေခံရုံသည် မုန့်များရောက်၍ မာန် အား လှမ်းခေါ်ရန် လှည့်ကြည့်စဥ် မာန်သည် ဆိုင်းမဆင့်ဗုံမဆင့် ဖြင့် ထပြေးလေသည် ။ အစေရုံလည်း မာန့်အား မပြေးရန် တားရင်း နောက်မှ လိုက်လာလေသည် ။
ဥယာဥ်တော်၏ တစ်နေရာအရောက်တွင် အစေခံများ အမတ်များ နန်းတွင်သူများနှင့် လမ်းပိတ်နေလေသည် ။ ပြေးနေသော မာန့်ခြေလှမ်းများ အဘယ်သို့ ဦးတည်ရမှန်းမသိတော့ချေ ။ ထိုစဥ်မှာပင် အစေ့ခံများ အမတ်များနှင့် နန်းတွင်သူများ အာလုံး မာန့်ကိုမြင်၍ ဦးညွှန့်ကာ တစ်ပြိုင်နက်ထဲ
" မင်္ဂလာပါ မာန်သခင်လေးရှင့် /ခဗျာ့ "
မာန် ကြောင်အအ ဖြင့်
" ငါက တကယ်ပဲ မာန်မင်းသားလား "
ဟု တစ်ကိုယ်တည်း ရေရွတ်မိသည် ။မာန်အရေးမစိုက်တော့ဘဲ အစေခံများကြားမှ တိုးထွက်လာလေသည် ။ အစေခံများကိုင်ထားသော နှင်းဆီပွင့်ဖက်များ အနီ အ၀ါ အဖြူ တို့သည် မာန်၏ တိုးဝေ့မှုကြောင့် လေပေါ်သို့ ပျံကာကျလာလေသည် ။ မာန်သည် ၀တ်ရုံတော်ကို မ၍ ပြေးမြဲပြေးသည် ။ မာန့်၏ နောက်ကျောမှ ဆံနွယ်ရှည်များ သည် တစ်၀က်ပင်စည်းထားသမျှ ကျန်သောဆံနွယ်များသည် မာန်၏ လှုပ်ရှားပြေးလွှားမှုကြောင့် လေပေါ်သို့ ဝဲကနေ ဝဲကနေ လွှင့်နေလေသည် ။ မာန်သည် မိန်းမပျိုကလေးဆန်စွာ လေတို့ နှင်းဆီပွင့်ဖက်ကြားတို့၌တိုးဝေ့လှပနေလေသည် ။
နောက် တစ်နေရာအရောက် တွင်
ရှင်းမင်းကြီးနှင့် ဆုံရပြန်သည် ။ မာန်သည် ရှင်းမင်းကြီးအား မော့ကြည့်စဥ် မင်းကြီးသည် ဆံနွယ်များကတစ်၀က်စည်း၍ စည်းထားသောဆံနွယ်များကို ထုံးကာနဂါးဆံထိုးဖြင့် ထိုးထားသည် ။ မျက်နာမှာလည်း အလွန်ကြည်လင်နေ၏ ။၀တ်ရုံတော်မှာ အနီရောင်ပိုးသားနှင့် ကျောက်စိမ်းခါးပတ်ကိုပတ်၍ ၀တ်ဆင်ထားသည်။ အင်မတန် ကျက်သရေနှင့် ပြည့်၀နေလေသည်။ မင်းကြီးသည် အနီရောင်ပိုးသား၀တ်ရုံကို ၀တ်ဆင်ထားသဖြင့် မင်းကြီး၏ အသားအရေနှင့် ချောမောမှုများမှာ ဘုရင်ဆိုသည်ထက် ပို၍ နတ်သားတမျှကဲ့သို့ ချောမောပေါ်လွင်နေလေသည် ။ မာန် မင်းကြီးအား အကဲခတ်နေစဥ် မာန်၏ မောပန်းနေမှုများကို သတိမရတော့ချေ ။ မင်းကြီး၏ နှင်းဆီကဲ့သို့သော နှုတ်ခမ်းများ ပွင့်လာလေသည် ။ မာန် တည်ငြိမ်နေသောမျက်နာထားသို့ ပြောင်းလဲပြီး မင်းကြီးအား တချက်ဦးညွှန့်လိုက်သည် ။ မင်းကြီးသည်
YOU ARE READING
မဟာဆန်သော ချစ်ခြင်း (on going)
ActionUnicode Hello pire ရဲ့ ပထမဆုံး Fic ကလေးပါ ။ ဒီဟာလေးက 18 + တွေပါမှာမဟုတ်ပါဘူး ။ အဓိက အသားပေးထားတာက မင်းသားနှစ်ပါးနဲ့ စစ်သူကြီးတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပါ ဒါ့အပြင် နန်းတွင်းအရှုပ်တော်မှုရဲ့ လှည့်စားမှုတွေ နောက် မာန်ရီဟုန်တစ်ယောက် တောတေ...