TF_2

948 69 0
                                    

Part (2) U

Libra...

ပုံမှန်မနက်ခင်းတွေလိုပါပဲ...
ခေါင်မိုးထပ်ကနေ YiLing ကို စီးမိုးကြည့်မယ်...
ခေါင်းလောင်းသံကို နားထောင်မယ်...
စာတွေဖတ်မယ်...
သခင်လေးတစ်ယောက်ရဲ့ ဖြစ်တည်မှုကို ထိန်းသိမ်းမယ်....
ဒါဟာ YiLing အရှင်ရဲ့ နေ့စဥ်ဘဝပဲ...

အုံ့ဆိုင်းမှုံမှိုင်းနေသည့် ရာသီဥတုကြောင့် သက်ပြင်းဖွဖွချမိသည်။
တစ်နေ့လုံး နေမမြင်ရသေး။
မနက်တည်းက တောက်လျှောက်ရွာနေသည့်မိုးက ဘယ်အငြိုးနှင့်တိုးနေလဲ မသိ။

ခေါင်းလောင်းစင်နှင့် ဆက်ထားသည့်ကြိုးကိုလည်း ပြန်စစ်ရသေးသည်။
အနီးနားတစ်ဝိုက်က နာရီထက် ဒီအသံကိုပဲ အားပြုနေကြရတာ မဟုတ်လား။

တစ်ခန်းဝင်တစ်ခန်းထွက် စစ်ဆေးကြည့်ရှုပြီးတာနှင့် လိုတာတွေ ပြင်ဆင်ဖို့ပြင်တော့ အခန်းနံပါတ် 0805 က လှုပ်ကုလားထိုင်က အနည်းငယ်နဲ့ချင်နေပြီပဲ။

ဘယ်လိုအစွဲလည်းမသိ၊ ငယ်ငယ်တည်းက ကြိုက်လာသည့် လှုပ်ကုလားထိုင်ကို သံယောဇဥ်မကုန်စွာ အခန်းပြည့် ထားဖြစ်ခဲ့တာ။

Hotel YiLing...
အဆောင်ဆောင် အခန်းခန်းနှင့် ခမ်းနားလှသည့် နှစ်ဆောင်ပြိုင်အဆောက်အဦကြီး။

19 ရာစု လက်ရာများနှင့် စုလစ်မွန်းချွန်များ စီခြယ်ထားတဲ့ ပုံပြင်ထဲက ရဲတိုက်ဆန်ဆန် YiLing

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

19 ရာစု လက်ရာများနှင့် စုလစ်မွန်းချွန်များ စီခြယ်ထားတဲ့ ပုံပြင်ထဲက ရဲတိုက်ဆန်ဆန် YiLing...

ခေါင်မိုးထပ်ကနေ စီးမိုးကြည့်လိုက်တိုင်း၊ ခေါင်းလောင်းစင်ကနေ ခြုံလွှမ်းကြည့်လိုက်ရတိုင်း YiLing ရဲ့ အရှင်သခင်တစ်ယောက်အနေနှင့် အဓိပ္ပါယ်ဖော်ရခက်စွာ နားလည်ရခက်စွာ သူ ပြုံးမိမြဲ။

မလိုချင်ပေမယ့် ရလာခဲ့ရတဲ့နေရာတစ်ခုမှာ သူတကာဆို ဘယ်လိုနေထိုင်မယ် မသိပေမယ့် သူကတော့ မားမားမတ်မတ်ရပ်တည်ခဲ့ရတာ။

Together Forever [ Z&U ] Mini StoryWhere stories live. Discover now