Part (10) U
"ရိလင်းနယ်စပ်မှာ ရဲတွေအများကြီး ဝင်လာနေပါတယ်...သခင်လေး...."
"ဘာထူးလဲ..."
"ဝရမ်းပြေးတစ်ယောက် လွတ်သွားလို့တဲ့..."
"ဒီလောက်အေးချမ်းတဲ့ နယ်မြေကိုလား..."
"....."
"ကောင်းပြီ...YiLing နား မသီနိုင်အောင် ဂရုစိုက်ပါ...အချိန်က စကားပြောသွားပါလိမ့်မယ်..."
"ကောင်းပါပြီ...သခင်လေး..."
အရိုအသေပေးပြီး ထွက်ခွာသွားသည့် ယွီပင်းနောက်ကျောကိုကြည့်ရင်း မဲ့ပြုံးတစ်ခု ရေးရေးထင်သည်။
အချိန်ကျလာရင် ဘယ်အရာနဲ့မှရှောင်လွှဲမရနိုင်ပါလား...
ကြမ္မာရဟတ်ရယ်က တစ်ပတ်လည်ပြန်လေပြီလား...တစ်စွန်းတစ်စကြားလိုက်သော စကားတို့ကြောင့် ရိပေါ် စိတ်တို့နောက်ကျိသွားရသည်။
ရိလင်းကို ရဲတွေလာရှာနေသတဲ့။
သူတို့လိုချင်သူဟာ ကိုယ်ဖြစ်နေမှာ အသေအချာမလွဲ။
တစ်သက်လုံးတော့ဖြင့် ပုန်းနေလို့မဖြစ်ပါ။ ဟောက်ရွှမ်းအတွက် သွေးကြွေးဆပ်ရဦးမည်။
ပြီးတော့ နှစ်ယောက်အတူ သက်စွန့်ကာကွယ်ခဲ့သည့် ပစ္စည်းကိစ္စလည်း ရှိသေးသည်။ဟောက်ရွှမ်း...
ငါ မင်းကို ရှာမယ်...
တရားမျှတမှုကို ပြန်ရှာမယ်...လှေကားလက်ရန်းကို ဆုပ်ကိုင်ထားသောလက်ဖျားများ အနည်းငယ်တုန်ယင်နေသည်ကိုတော့ အသေအချာကြည့်လျှင် သိနိုင်ပေမည်။
"ကြားလိုက်တာလား..."
"......"
လက်ရန်းကိုမှီရပ်နေရာက တိုးသဲ့သဲ့အသံကြောင့် ဆတ်ခနဲဖြစ်သွားရသည်။
မျက်နှာချင်းဆိုင်ရပ်နေသူက မြင်နေကြထက် လေးနက်နေသယောင်။"ကျွန်တော် ခရီးထွက်ဖို့လိုလာပြီ Xiao..."
"ကိုယ်ပါ ပါမယ်ဆိုရင်ပေါ့..."
မျက်မှောင်တွန့်သွားရာမှ ခေါင်းငြိမ့်ပြလာသူကြောင့် နံရံဆီက ကားသော့ကိုဆွဲထွက်လာခဲ့သည်။ တိတ်ဆိတ်ခြင်းတို့ မင်းမူနေသောကားလေးက လေးညှို့မှပစ်သည့်မြှားနှယ် လေအလျင်မှာ တရိပ်ရိပ်။
![](https://img.wattpad.com/cover/242299867-288-k172166.jpg)
ESTÁS LEYENDO
Together Forever [ Z&U ] Mini Story
FanficYiZhan 💚♥ အမှောင်လောကသားများလက်မှ အသက်လုပြေးလာရသော ကောင်လေးတစ်ယောက်... မရောက်ဖူးတဲ့ နယ်မြေထဲ ခိုနားရန် နေရာရှာရာက အပြုံးချိုချို အေးစက်စက် ကောင်လေးရဲ့ Hotel YiLing တွင် တည်းခိုမိသောအခါ... အချိန်တန်အိမ်ပြန်ရမယ့် Wang Yi Bo... မခေါ်ပဲလာပြီး မနှင်ပ...