Part (4) U
"ဘာထူးလို့လဲ..."
စာကြည့်စားပွဲမှာ ခြေချိတ်ထိုင်ရင်း အပြင်ကို ငေးနေသော သခင်လေးက မေးလာသည်မို့ ယွီပင်း ခြေလှမ်းများ တုံ့ခနဲ။
"ရိလင်းနယ်စပ်နားမှာ အုပ်ချုပ်ရေးပိုင်းက လူတစ်ချို့ ရောက်လာပါတယ် သခင်လေး...ဝရမ်းပြေးတစ်ယောက် ဒီဘက်ကို လွတ်သွားလို့တဲ့... ပူးပေါင်းပါဝင်ပေးဖို့ ဒေသခံတွေကို မှာသွားတယ်လို့ သိရပါတယ်..."
"အဟက်...အရှက် မရှိတာလား...အမှတ် မရှိကြတာလား..."
"..............."
"ခုချိန်ထိ ရိလင်းကို ဒုက္ခပေးချင်နေတဲ့သူတွေ...ပူးပေါင်းဖို့လည်း မလိုဘူး...နယ်မြေထဲလည်း ဝင်ခွင့်မပြုနိုင်ဘူး...အဲ့ဒါ ငါ့အမိန့်ပဲ...ရိလင်းသခင်ရဲ့ အမိန့်ပဲ..."
"နားလည်ပါပြီ သခင်လေး...."
အရိုအသေပေးကာ ထွက်သွားသော ယွီပင်းကျောပြင်ကို ကြည့်ရင်း ခံပြင်းစိတ်ကြောင့် မေးရိုးကြောများ တင်းခနဲ။
ဘယ်အချိန်ထိ...ဘယ်အချိန်ထိများ...
ရိလင်းကို...."ခွမ်း..."
အသိစိတ်လွတ်သွားသည့် တစ်ခဏမှာ နံရံထက်မှမီးအိမ်လေးက အစိတ်စိတ်အမွှာမွှာ။
"သခင်လေး...."
"ညောင်..."
စင်္ကြန်ဆီမှ ပြန်ပြေးဝင်လာဟန်တူသော ယွီပင်းကို တစ်ချက်လှမ်းကြည့်ကာ ကျင်းကော်ကို ကောက်ပွေ့ပြီး မွန်းကျပ်လာလျှင် ပြုနေကြအတိုင်း ဝရန်တာဘက်ဆီ ထွက်လာလိုက်သည်။
လေသာမှာရပ်ရင်း ညလေအေးကိုရှုရှိုက်ရင်း ကြယ်တွေကို ရေတွက်ရင်း ရိလင်းတစ်ခွင် ငေးမောရသည့်အခါတိုင်း စိတ်တို့ငြိမ်သက်သွားရမြဲ။
ခပ်သာသာခြေလှမ်းတို့က ရှေ့တူရှုမြင်ကွင်းကြောင့် တန့်ခနဲ။
လက်နှစ်ဖက်ကိုဆန့်တန်းကာ ခေါင်းကိုမော့၊ မျက်လုံးမှိတ်ပြီး လေပြေရဲ့ချော့မြှူမှုမှာ စီးမျောနေပုံက သက်ရှိရုပ်တုပမာ။
မရည်ရွယ်ပါပဲ ငေးကြည့်မိသည့် မြင်ကွင်း။
နက်စွေးစွေး ကောင်းကင်ယံကို နောက်ခံထားသည့် သက်ရှိပန်းချီကားတစ်ချပ်နှယ်။
YOU ARE READING
Together Forever [ Z&U ] Mini Story
FanfictionYiZhan 💚♥ အမှောင်လောကသားများလက်မှ အသက်လုပြေးလာရသော ကောင်လေးတစ်ယောက်... မရောက်ဖူးတဲ့ နယ်မြေထဲ ခိုနားရန် နေရာရှာရာက အပြုံးချိုချို အေးစက်စက် ကောင်လေးရဲ့ Hotel YiLing တွင် တည်းခိုမိသောအခါ... အချိန်တန်အိမ်ပြန်ရမယ့် Wang Yi Bo... မခေါ်ပဲလာပြီး မနှင်ပ...