TF_8

499 42 2
                                    

Part (8) U

လပြည့်ညမို့ ရွှန်းပနေသည့် အလင်းက ကန့်လန့်ကာစများကြားမှပင် တိုးဝင်ဖြာကျနေခဲ့သည်။

တောင်စဥ်ရေမရအတွေးများနှင့် သက်ပြင်းရှိုက်ရင်း စီးကရက်တစ်လိပ်နှင့် ပြူတင်းပေါက်ဘောင်ပေါ်ထိုင်ရင်း လမင်းကြီးကို ငေးနေမိသည်။

ဟိုးယခင် ဂေဟာမှာရှိစဥ်တုန်းက ဒီလိုလပြည့်ညတွေမှာ ဟောက်ရွှမ်းနှင့်နှစ်ယောက်သား မြက်ခင်းပြင်မှာ ခေါင်းချင်းဆိုင် ပက်လက်လှဲရင်း သီချင်းအော်ဆိုကြတာတွေ၊ စိတ်ကူးအိမ်မက်တွေ အပြန်အလှန်ရင်ဖွင့်ကြတာတွေ တွေးမိတော့ ဘယ်ဆီဘယ်ဝယ်မသိရသည့် ငယ်ဖော်ရောင်းရင်းကို သတိရမိပြန်သည်။

ရည်ရွယ်ချက်တူ၊ လက်ရည်တူ ကြိုးစားလှုပ်ရှားခဲ့သည့် ကာလတွေ၊ ဘဝရပ်တည်ချက်အတွက် လမ်းမှားပေါ်လျှောက်နေခဲ့ခြင်းမှာတောင် မယုတ်မာခဲ့ကြသည့် သူတို့အတွက် ကံ​ကြမ္မာက မျက်နှာသာမပေးခဲ့။

နောက်ဆုံးဟု ရည်ရွယ်လက်ခံခဲ့သည်အလုပ်၊ လက်ပြောင်းလက်လွှဲအချိန်မှာပင် ပြန်လုခံရခြင်းကြောင့် ရေကုန်ရေခမ်းကာကွယ်ရင်း ဟောက်ရွှမ်းလည်း သေလားရှင်လား မသဲကွဲ၊ သူသည်လည်း ​ယောင်ချာချာနှင့် ဝရမ်းပြေးနာမည်တပ်ခံခဲ့ရပြီ။

ကိုယ်နှင့်မကွာထားသည့် အိတ်ရှုံ့လေးကို ဘောင်းဘီအိတ်ထဲက ဆွဲထုတ်ကြည့်ရင်း အထဲကပစ္စည်းကို သိချင်လာသည်။ အလွဲသုံးစားစိတ်မျိုးနှင့်မှ မဟုတ်ပဲလေဟု ကိုယ့်ကိုကိုယ် အားပေးကာ အိတ်ဖွင့်လိုက်တော့ ကနုတ်များထွင်းထားသည့် ကျောက်စိမ်းဆွဲပြားလေးတစ်ခြမ်း။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကိုယ်နှင့်မကွာထားသည့် အိတ်ရှုံ့လေးကို ဘောင်းဘီအိတ်ထဲက ဆွဲထုတ်ကြည့်ရင်း အထဲကပစ္စည်းကို သိချင်လာသည်။ အလွဲသုံးစားစိတ်မျိုးနှင့်မှ မဟုတ်ပဲလေဟု ကိုယ့်ကိုကိုယ် အားပေးကာ အိတ်ဖွင့်လိုက်တော့ ကနုတ်များထွင်းထားသည့် ကျောက်စိမ်းဆွဲပြားလေးတစ်ခြမ်း။

အရာလေးပါနေသည်မို့ သေချာပေါက် နောက်တစ်ခုရှိနေမှာပင်။ စအပ်တည်းက တစ်ခုပဲလား၊ ကျပျောက်ခဲ့လေသလားတော့ မသိ။

Together Forever [ Z&U ] Mini StoryWhere stories live. Discover now