Part (7) U
"ရိပေါ်...ရိပေါ်ရေ..."
တိုးရာမှကျယ်လာသည့် ခေါ်သံကြောင့် ပတ်ဝန်းကျင်ကို မျက်စိကစားကြည့်တော့ မြူခိုးတွေပိတ်ဆိုင်းနေသည့် တစ်နေရာရောက်နေသည်။
ညည်းညူသံသဲ့သဲ့ကြောင့် သတိနှင့်အသာလျှောက်အရှာ အဆောက်အဦးပျက်တစ်ခုနားမှာ လဲကျနေသည့် ဟောက်ရွှမ်း။
"ဟောက်ရွှမ်း...မင်း...မင်း မသေဘူးနော်...ဝမ်းသာလိုက်တာကွာ...ဒါ ဒါနဲ့ ဒါဘယ်နေရာလဲ...မင်း ဘယ်လိုရောက်လာတာလဲ..."
"ငါ မင်းကိုတွေ့လို့ လိုက်လာတာ...အထဲဝင်မရဘူး...အွတ်....အခု ကံကောင်းလို့ မင်းနဲ့တွေ့လို့ရတာ...ငါ ပြန်ရတော့မှာ...အဟွတ်..."
ပြောရင်းချောင်းအဟန့်မှာ သွေးတို့စီးကျလာတာမို့ အသာပွေ့ထားရင်း မေးခွန်းတို့က ခေါင်းထဲအစီအရီ။
"အများကြီးမပြောနဲ့ မောနေမယ်...ငါတို့ အတူပြန်မယ်...အားတင်းထား သူငယ်ချင်း..."
"မရဘူး...မင်း လိုက်လို့မရတဲ့နေရာ...ဂရုစိုက်...Leo..."
"Dragon...Dragon...မင်း...မသွားရဘူး..."
အလေးအနက်ပြောချိန်တိုင်း ခေါ်နေကြနာမည်လေးခေါ်ကာ တဖြည်းဖြည်းမှိန်ဖျော့လာသည့် ဟောက်ရွှမ်းကို သူဆွဲဖို့ကြိုးစားသော်လည်းမရ။ ဝမ်းနည်းနေသည့်မျက်ဝန်းများဖြင့် ဝေဝါးပျောက်ကွယ်သွားလေပြီ။
"Dragon........."
အသံကုန်အော်ကာ လူးလဲထမိတော့ တိတ်ဆိတ်နေသောနေ့လယ်မှာ သူတစ်ယောက်တည်း။ ချွေးစေးတို့ သပ်ချလိုက်ရင်း ရေတကောင်းထဲကရေကို တရှိန်ထိုးမော့ချပစ်လိုက်မှ ပုံမှန်ပြန်ဖြစ်လာသည်။
အိမ်မက်ဆိုးတွေ မက်နေတာပဲ။
သေလားရှင်လားမသေချာသည့် တစ်ဦးတည်းသော သူငယ်ချင်းကို မရှာနိုင်သေးသည့်အပြင် သူကိုယ်တိုင်ပင်လျှင် မရေရာသောဘဝမို့ သက်ပြင်းကြီး ချမိသည်။ရေမိုးချိုးပြီး ကိုယ်လက်သန့်စင်ကာ Reception ဆီသွားတော့ ကောင်တာမှာထိုင်နေသည့်လူက တစ်ချက်မော့ကြည့်သည်။
"ဒီမှာခင်ဗျ...သတင်းလေးဘာလေး ကြည့်ချင်လို့ TV ဘယ်မှာဆင်ထားလဲ လို့..."
YOU ARE READING
Together Forever [ Z&U ] Mini Story
FanfictionYiZhan 💚♥ အမှောင်လောကသားများလက်မှ အသက်လုပြေးလာရသော ကောင်လေးတစ်ယောက်... မရောက်ဖူးတဲ့ နယ်မြေထဲ ခိုနားရန် နေရာရှာရာက အပြုံးချိုချို အေးစက်စက် ကောင်လေးရဲ့ Hotel YiLing တွင် တည်းခိုမိသောအခါ... အချိန်တန်အိမ်ပြန်ရမယ့် Wang Yi Bo... မခေါ်ပဲလာပြီး မနှင်ပ...