ငါဆေးရုံကဆင်းတဲ့နေ့မှာ နေကတောက်တောက်ပပပဲသာနေခဲ့တယ်။ ငါသတိပြုမိလိုက်တယ်။ သြော် မကြာခင်နွေရာသီတောင်ရောက်တော့မှာပဲ။
ငါဆေးရုံတက်နေတုန်းက ပြင်ပလေထုနဲ့မထိတွေ့ခဲ့ရဘူး။ ပြင်ပနဲ့အဆက်အသွယ်ဆိုလို့ကျိုးချန်နေ့တိုင်းယူလာပေးတဲ့သတင်းစာတွေပဲရှိတာ။
ကျိုးချန်မှာထူးထူးဆန်းဆန်းအကျင့်ရှိတယ်။ သတင်းစာကစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုဖြတ်ညှပ်ပြီးNoteစာအုပ်ထဲကပ်ထားလေ့ရှိတယ်။ သူအဲ့ဒါကိုငါ့ကိုပြဖူးတယ်။အဲ့ဒါနဲ့ ငါရယ်လိုက်မိပြီး သူ့ကိုမေးလိုက်တယ်။ အသက်ဘယ်လောက်မလို့ဒီလောက်ရှေးဆန်ရတာလဲလို့။ သူကမျက်မှောင်ကြီးကုတ်ပြီးပြန်ပြောလာတယ်။ လူတစ်ယောက်ကိုအသက်မမေးရဘူး၊အရမ်းရိုင်းတယ်ဆိုပြီးတော့ပေါ့။ နောက်တော့လည်းသူပြန်ဖြေလာတယ် ဒီနှစ်ဆို၃၁ပြည့်ပြီတဲ့။
ငါထပ်မေးလိုက်သေးတယ်။ ဆရာကဆရာဝန်ရောဟုတ်ရဲ့လား၊ အလုပ်လည်းလုပ်တာမတွေ့ဖူးဘူးဆိုပြီးတော့ပေါ့။
သူပြောလာတာက သူခွင့်တင်ထားတာတဲ့။
"မေးစရာရှိရင် တစ်ခါတည်းမေးထား''
သူက ကူရာကယ်ရာမဲ့စွာပြောလာတယ်။ငါ့မှာမေးစရာမရှိတော့ဘူး။
နေဦး တစ်ခုကျန်သေးတယ်။
"ဆရာ ကျွန်တော့်ကိုဒီလောက်ကူညီပေးထားတာ၊ ချီရှု သူ...''
"စိတ်ချပါ''
သူကဖတ်လက်စစာအုပ်ကိုပိတ်လိုက်ပြီး အေးစက်စက်ပြောလာတယ်။
"သူ ကိုယ့်ကိုဘာမှမလုပ်နိုင်ဘူး''
ဆေးရုံဆင်းတဲ့လမ်းမှာ ငါချီရှုအိမ်သွားချင်တယ်လို့သူ့ကိုပြောလိုက်တယ်။ကျိုးချန်ငါ့ကိုစိုက်ကြည့်လာပြီး ဒရိုင်ဘာကိုလမ်းကြောင်းပြောင်းခိုင်းလိုက်တယ်။ ငါ့ကိုတော့ဘာမှထပ်မမေးဘူး။
နွေဦးရောက်နေပြီဖြစ်တဲ့အတွက်ကြောင့် လမ်းဘေးကအပင်တွေမှာရွက်နုတွေဝေနေတယ်။
ချီရှုက မြို့ထဲကလူချမ်းသာတွေနေတဲ့ရပ်ကွက်မှာနေတယ်။ ဆူညံသံတွေမရှိတဲ့ရပ်ကွက်မှာအိမ်ကြီးကဟီးနေတယ်။
YOU ARE READING
Before My Withering[complete]
RomanceZawgyiသမားတွေအတွက်အောက်ဆွဲချပြီးဖတ်ကြည့်ပါနော် ''ဘယ်သူမှ အိုစာနေတဲ့အိပ်ရာဖော်ကိုသဘောကျမှာမဟုတ်ဘူးလေ'' "ဒါသဘောကျရုံသက်သက်မဟုတ်ဘူး အချစ်'' all crd to orginal author. it's not my work,just my translation. Omegaverse,Gentle,strong black belly gong, sic...