၂၄

10.6K 1.2K 10
                                    

ကြည့်ရတာ ချီရှုကငါ့ကိုတကယ်လက်ထပ်ချင်ပုံရတယ်။

အဆင့်မြင့်တဲ့အဝတ်အစားတွေရောင်းတဲ့ဆိုင်ကြီးတစ်ဆိုင်ရဲ့လည်သာဆိုဖာကြီးပေါ်ထိုင်ပြီး ငါမင်္ဂလာဝတ်စုံတွေကိုထိုင်ငေးနေမိတယ်။ အိမ်မက်ဆန်လိုက်တာ။

ဆိုင်မန်နေဂျာပြောတာတော့ငါ့ရဲ့အင်္ကျီဆိုဒ်ကိုအရင်လကတည်းကသူရထားပြီးသားတဲ့။ အကောင်းဆုံးဒီဇိုင်းနာတွေကိုငှားထားပြီး မင်္ဂလာဝတ်စုံလေးစုံချုပ်ခိုင်းထားတယ်။ ဒီနေ့ချုပ်ပြီးသားဝတ်စုံတွေကိုငါစမ်းဝတ်ကြည့်ရမှာတဲ့။ ဒါမှမတော်ရင်ပြန်ပြင်လို့ရအောင်လေ။

ဝတ်စုံလေးစုံ၊ နှစ်စုံကအဖြူ နှစ်စုံကအနက်။ ကြည့်ရတာလိုက်ဖက်နေတယ်။ နက်ခ်တိုင်တွေကအစအရောင်တွေလိုက်ဖက်အောင်ပြင်ဆင်ထားပေးတယ်။

ချီရှုကအဖြူတစ်စုံကိုလက်ညှိုးထိုးပြပြီးပြောတယ်။ ''အဲ့ဝတ်စုံဝတ်ကြည့်''

ငါအဖြူဝတ်စုံလဲပြီးတော့ သူကအနက်ဝတ်စုံကိုဝတ်နေပြီ။

မှန်ထဲကလူနှစ်ယောက်မှာ တစ်ယောက်ကအရပ်မြင့်မြင့် ရုပ်ချောချော၊ နောက်တစ်ယောက်ကတော့ဖြူလျော်ပြီးနဖူးမှာအမာရွတ်ကြီးနဲ့။
 
ချီရှုရဲ့အကျင့်ကဘယ်လိုဖြစ်နေပါစေ သူကဆုတောင်းကောင်းတဲ့ပြစ်မျိုးမှဲ့မထင်စွာချောမောသောရုပ်ရည်မျိုးပိုင်ဆိုင်လေသည်။

ငါဘယ်လိုဖြစ်ဖြစ် သူနဲ့ငါကမလိုက်ဖက်ဘူး။

ဆိုင်မန်နေဂျာဆီက နက်ခ်တိုင်ကိုယူပြီးချီရှုကငါ့ရဲ့လည်တိုင်မှာညင်သာစွာစည်းနှောင်ပေးတယ်။

သူငါ့ကိုစည်းပေးပြီးတော့ ငါ့လည်တိုင်အနောက်ဖက်ကိုမသိလိုက်စွာပွတ်သပ်ပြီးသက်ပြင်းချလေ၏။

.....glandမရှိတော့လို့လား။

မင်းbetaတစ်ယောက်နဲ့အတူမရှိချင်ရင်လည်း ဘာလို့ငါနဲ့လက်ထပ်သေးလဲကွာ။

ငါ့စိတ်ထဲအရင်ကတည်းက ကိန်းအောင်းနေတဲ့အတွေးလေးရှိနေတယ်။ ချီရှုကသူ့အဖိုးကိုတမင်ရွဲ့ပြီးဝမ်းမျိုးရိုးမဟုတ်၊ betaတစ်ယောက်ဖြစ်တဲ့ငါ့ကိုလက်ထပ်ဖို့စိတ်ကူးလိုက်တာလားဆိုတဲ့အတွေးပေါ့။

Before My Withering[complete]Where stories live. Discover now