၄၃

11.2K 1.2K 9
                                    

နွေရာသီကုန်ဆုံးသွားပြီ။ မိုးလေးတစ်ပြိုက်နှစ်ပြိုက်ရွာချပြီး အအေးဓာတ်ဝင်လာတယ်။

 ရွှီရှင်းကျယ်ရဲ့ပန်းချီပြခန်းကစက်တင်ဘာလကုန်မှာလုပ်မှာ။ အပြင်မထွက်ခင် ကျိုးချန်ကငါ့ကိုလက်အိတ်အပါးလေးတစ်စုံဝတ်ပေးလာတယ်။ ငါအင်္ကျီတွေဝတ်ပြီးတော့မှသတိထားမိတယ်။ ကျိုးချန်နဲ့လည်စည်းဖဲပြားအရောင်အတူတူပဲ။ ရင်ထိုးကလည်းဆင်တူ။

"မဟုတ်တော့ပါဘူး။... ကိုယ်နှင်းဆီဖူးလေးကအရမ်းချစ်ဖို့ကောင်းနေတယ်''
သူငါကိုဖက်လာပြီးငါ့နားနားတိုးတိုးလေးလာပြောတယ်။
"ဒီနေ့ပြပွဲကို alphaတွေရော omegaတွေရောလာကြမှာ။ ဒီလောက်လှနေရင်ကိုယ်စိတ်မချတော့ဘူးနော်''

 သူငါ့ကိုဘယ်တော့မှမကောင်းမပြောဘူး။ သူအမြဲငါ့ကိုရှက်လာအောင်မြှောက်ပြောနေကျ။ ငါ့ကိုမြှောက်ပြောလွန်းလို့ငါ့ကိုယ်ငါတကယ်ကြည့်ကောင်းတယ်လို့ထင်မိတဲ့အထိပဲ။

 ပြီးတော့ ငါ့အသားအရေတွေကပြန်ပြီးစိုပြည်လာပြီ။ အရင်ကလိုခြောက်ကပ်မနေတော့ဘူး။ ကျိုးချန်ကသူ့ကြောင့်ငါစိုပြည်အလှတိုးလာတယ်ဆိုပြီးသူ့ကိုဆုပြန်ချတဲ့။ အကြာကြီးနမ်းပြီးဆုချရမယ်တဲ့။

ကျိုးချန်ကလေ အရမ်းကျိုးကြောင်းမစဥ်းစားတတ်တဲ့လူ။ ဒီလိုနေရာဆိုအရမ်းလူကြီးလူကောင်းဆန်ချင်တယ်။ သူဘယ်လိုမေးတယ်ထင်လဲ။

"ကိုယ်မင်းကိုနမ်းလို့ရမလား''

"ပိုပြီးပြင်းပြင်းနမ်းချင်လို့.... ရမလားဟင်''

"မင်းရော... ထပ်နမ်းချင်သေးလား''

    ...

ငါလည်းသူခေါ်ဆောင်ရာနောက်မမောနိုင်မပန်းနိုင်လိုက်ပြီးပျော်ဝင်နေပေးတာတောင် သူကမေးသေးတယ်။ ငါရောဆန္ဒရှိလားဆိုပြီး။ငါဘယ်လိုပြောပေးရမလဲ။

ငါအရမ်းရှက်လွန်းလို့သူ့ကိုအိပ်ရာထဲက ကန်ထုတ်ပစ်ချင်တယ်။ ဒါပေမယ့် ငါ့ခန္ဓာကိုယ်ကမလိုက်လျောဘူး။ ငါပါးစပ်လေးဟပြီးမယုံနိုင်စရာကောင်းတဲ့အသံနဲ့ပြောလိုက်မိတယ်။
". .လိုချင်တယ်...''

ကျိုးချန်တမင်လုပ်တာ။
.....

"မင်းဘာမဟုတ်တာတွေတွေးနေပြန်ပြီလဲ မျက်နှာရဲလာပြီ''
သူငါ့မျက်နှာကိုလက်ညှိုးကွေးလေးနဲ့တို့ထိပြီးပြောလာတယ်။

Before My Withering[complete]Where stories live. Discover now