၁၈+၁၉+၂၀(zawgyi)

1.4K 242 11
                                    

ကျိုးချန်ပြောတာတော့ သူတစ်ပတ်အတွင်းပြန်လာမယ်တဲ့။ အခုမှနှစ်ရက်ပဲရှိသေးတယ်။ငါပျင်းလို့သေတော့မှာပဲ။ ငါပျင်းလွန်းလို့တီဗီပဲထိုင်ကြည့်နေမိတာ။

တီ​ဗီလိုင်းတွေပြောင်းလိုက်တော့ ငါအရမ်းရင်းနှီးတဲ့မျက်နှာတစ်ခုတီဗီဖန်သားပြင်ပေါ်ပေါ်လာတယ်။

ချီရှု…

သူ့ပုံစံကသိပ်မပြောင်းဘူး။ အမြဲအေးတိအေးစက်နဲ့။ဒါပေမယ့် သူပင်ပန်းနေသလိုပဲ။ ငါပဲထင်ယောင်ထင်မှားမြင်တာလားတော့မသိ။

ချီရှုက ကုမ္ပဏီသတင်းစာရှင်းလင်းပွဲလုပ်နေတာ။ ငါသူပြောတာသိပ်နားမလည်ပေမယ့် ငါနားလည်သလောက်ဆို ကုမ္ပဏီဘုတ်အဖွဲ့ကလူတွေဝိုင်းထိုင်နေတာဆိုတော့ကောင်းတဲ့ကိစ္စမဟုတ်တန်ရာဘူး။

အရင်တစ်ခေါက်က ဖျတ်ခနဲတွေ့လိုက်ရတာကလွဲရင် ငါချီရှုနဲ့မတွေ့တာတစ်လတောင်ကျော်ပြီ။

ကျိုးချန်ကပြောတယ်။ မတွေ့ဘဲနေတာကပိုအဆင်ပြေတာမို့အခုဆေးကုနေတဲ့ကာလမှာ ချီရှုကိုမမြင်အောင်နေတာအကောင်းဆုံးပဲတဲ့။ ဒါကြောင့် ငါ့စိတ်ကိုဒုက္ခမပေးချင်တာမို့တီဗီကိုပိတ်လိုက်တယ်။

တိုက်တိုက်ဆိုင်ဆိုင် ဖုန်းထမြည်လာတယ်။

"ရှောင်ယွီ အစ်ကိုချန်ကမင်းနဲ့အတူရှိနေတာလား''
ရွှီရှင်းကျယ်ရဲ့အသံကအရေးကြီးနေသလိုပဲ။

"မရှိဘူး ဘာလို့လဲ''

"ချီရှုရဲ့အဘိုးဘာလို့စိတ်ဆိုးလဲဆိုတာကာသိပြီ။ ချီရှုကဝမ်းဇီချင်းနဲ့လုံးဝလက်မထပ်နိုင်ဘူးလို့ငြင်းလိုက်တာလေ။ ငါစိတ်ထဲလည်းအဲ့ဒီဝမ်းမျိုးရိုးကမကောင်းဘူးထင်တာနဲ့ သူ့နောက်ကိုလိုက်ကြည့်ဖို့လူလွှတ်ထားတာ။ အခုပဲသတင်းရလာတယ်။ အစ်ကိုချန်ရဲ့အိမ်ကို အဲ့ဒီဝမ်းမျိုးရိုးကသွားနေပြီတဲ့။ အစ်ကိုချန်ဆီငါဖုန်းဆက်သေးတယ်။ လုံးဝဆက်လို့မရဘူး။ ငါလူး အဲ့ဒီဝမ်းမျိုးရိုးကောင်ကဘာလုပ်ချင်နေတာလဲကွာ''

ရွှီရှင်းကျယ်နဲ့ဖုန်းပြောပြီးတော့ ငါ့စိတ်ထဲဒိုင်းခနဲတစ်ခုပေါ်လာတယ်။

ကျိုးချန်၊ သူ...သူအထိမခံတဲ့အချိန်ဖြစ်နေတာလေ။

"မင်း မစ္စတာကျိုးရဲ့အိမ်လိပ်စာကိုသိလား။ ငါအခုပဲသွားလိုက်မယ်''

Before My Withering[complete]Where stories live. Discover now