Just Friend Zone...2

3.7K 116 1
                                    

Just Friend Zone
🍎🍎🍎🍎🍎🍎
les story part (2)

ညရောက်တော့ငွေလသာအိပ်ယာထဲတွင်လှဲကာညို့့ဆိုသောသူငယ်ချင်းမလေးအကြောင်းကိုစဉ်းစားနေမိသည်။ညို့ကသိပ်လှပါသည်။လှသလောက်လည်းညို့့ကအဆိပ်ပြင်းတဲ့မိန်းမတယောက်ဖြစ်နိုင်ပါသေးသည်။ငွေလသာဖုန်းလေးက်ိုယူပြီးအင်တာနက်
ဖွင့်လိုက်သည်။ပြီးတော့ညို့အကောင့်လေးမှာမီးစိမ်းနေတာကြောင့်ငွေလသာစာလေးတစောင်ရိုက်ပို့လိုက်သည်။

''ညို့ ဘာလုပ်နေလဲ'

စာလေးမှာတော်တော်နဲ့seenမပြတာကြောင့်ငွေလသာလိုင်းပိတ်ဖ်ို့စိတ်ကူးချိန်ညို့ဘက်မှ စာတစောင်ဝင်လာသည်။
''တို့အပြင်မှာ''

ဓာတ်ပုံလေးတစ်ပုံညို့ဆီမှဝင်လာသည်။ကလပ်တွင်ဝိုင်ခွက်ကလေးကိုမြှောက်ကိုင်ပြနေသောညို့ပုံလေး။ညို့ရဲ့ဆွဲငင်အားကောင်းသောမျက်ဝန်းလေးမှာရီဝေနေသည်။ညို့ဘေးတွင်တော့ကောင်လေးတယောက်။
''ဒါပဲနော်သာသာ...see you''

''inn...see you''
ငွေလသာအင်တာနက်ကိုပိတ်လိုက်သည်။အခန်းမီးလေးကိုပိတ်ပြီးအိပ်ယာဝင်ခဲ့သည်။မနက်မိုးလင်းတော့ဖေကြီးရဲ့အော်သံကြောင့်ငွေလသာလန့်န်ိုးလာသည်။

''ကောင်းတယ်လေမိဘသဘောမတူတဲ့သူကိုယူပြီးအခုတော့ဒုက္ခရောက်ပြီပေါ့''

''အဲ့လ်ိုတော့မပြောပါနဲ့ဖေကြီးရယ်သမီး
ကြီးမှာအခုကလေးတယောက်တောင်ရနေပြီပဲစိတ်ဆိုးတယ်ထားအုံးကလေးမျက်နှာကရှိသေးတယ်လေ''

မေကြီးကတော့ပြေရာပြေကြောင်းပြောပေမဲ့လည်းဖေကြီးကတော့မမအပေါ်ခါးခါးသီးသီး။
''ဘာမျက်နှာထောက်ရမှာလဲငါသဘောမတူတဲ့ကောင်နဲ့ယူပြီးမွေးထားတာပဲမင်းဘာသာမင်းမြေးအဖြစ်အသိမှတ်ပြုချင်ပြုငါတော့လုံးဝပဲ''

''မမဘာဖြစ်လို့လဲမေကြီး''
ငွေလသာမရဲတရဲလေးမေကြီးနားကပ်၍မေးလိုက်သည်။

''ဘာဖြစ်ရမှာလည်းညည်းအမမေသုန်ပေါ့အခုသူ့ယောကျာ်းနဲ့ရန်ဖြစ်ပြီးဒီကိုပြန်လာနေပြီတဲ့''
မေကြီးပင်မပြောလိုက်ရဖေကြီးဦးအောင်ဝင်ပြောလိုက်တာဖြစ်သည်။
''အရှင်းဆုံးပြောရရင်သူ့့ထိုက်နဲ့သူကံပြစ်ထားလိုက်ချင်တာမကောင်းတက်လို့သာအိမ်မှာပြန်လက်ခံမှာ''
ဖေကြီးစကားကြောင့်မေကြီးနဲ့သာသာပျော်သွားသည်။မမမေသုန်နဲ့မတွေ့ရတာကြာပြီမို့အရမ်းကိုတွေ့ချင်နေမိသည်။ဖေကြီးကမမကိုသူသဘောမတူတဲ့ကိုအုပ်စိုးနဲ့ခိုးရာလိုက်သွားလို့စိတ်နာပြီးမမကိုပပြစ်ထားတာခြောက်နှစ်ကျော်ပြီဖြစ်သည်။မိသားစုထဲကဘယ်သူနဲ့မှအဆက်သွယ်မလုပ်စေခဲ့။မမလည်းသူ့ယောကျာ်းဇာတိဖြစ်သောမုံရွာကိုပါသွားခဲ့တာဖြစ်သည်။

Just Friend ZoneWhere stories live. Discover now