Just friend Zone...14

872 65 0
                                    

Just friend Zone
🍎🍎🍎🍎🍎🍎
Les story part(14)

လအနည်းငယ်ခန့်ကြာပြီးနောက်သာသာ့ခြေထောက်မှာဘွဲ့ယူတုန်းကထက်စာရင်လုံးဝအကောင်းပတိတိုင်းဖြစ်နေပြီဖြစ်သည်။ဖေကြီးရဲ့ဆန္ဒအရဂျပန်စကားပြောသင်
တန်းတက်နေရသည်။ညို့ကိုနာကြည်းသော်လည်းတနေ့မှမေ့မရ။ညို့နဲ့သာသာတွေ့ဖြစ်တာဘွဲ့ယူတဲ့
နေ့ကနောက်ဆုံးပင်။ညို့ဘာတွေလုပ်နေပါလိမ့်။အရင်လိုပွေတုန်းရှုပ်တုန်းနေမှာပါလေ။ညို့အကြောင်းကိုအမြဲတွေးနေဖြစ်တာကိုကသာသာ့ရဲ့ညို့အပေါ်မှာထားတဲ့ချစ်
စိတ်။ဒါပေမဲ့ညို့ကိုသာသာအရမ်းကိုစိတ်နာ
သည်။
   
''ဟေ့…သူငယ်မ…ဘာတွေတွေး´´

မာန်ဟုန့်အသံကြောင့်သာသာအတွေးစများပျက်သွားသည်။

   ''ကားဘီးလဲပြီးသွားပြီတဲ့ ´´

သာသာသင်တန်းအပြန်ကားဘီးပေါက်သွားလို့မာန်ဟုန်နဲ့ကိုပြေဖွင့်ထားသောကားဝေါ့ရှောခ့်သို့ရောက်နေတာဖြစ်သည်။

     ''အော်…ဟုတ်လား…ဘယ်လောက်ကျလဲဟင်´´

မာန်ဟုန်ကခေါင်းခါလိုက်ပြီး

   ''မယူတော့ပါဘူး…နောက်တခါမှ
ပေးတော့´´

   ''ယူပါဟာ…စီးပွားရေးလုပ်နေတာ
ပဲကို´´

    ''မယူတော့ဘူး…နင်ပေးချင်တယ်
ဆိုရင်လည်းငါနဲ့ကိုပြေကိုညကျရင်ကော်ဖီလိုက်တိုက်´´

    ''ဖေကြီးကထွက်ခွင့်ပြုမှာမဟုတ်ဘူးဟ´´

    ''နင်ကလည်း…ငါတို့ပါရင်တော့
နင့်အဖေကလွှက်မှာပါဟ´´

သာသာမာန်ဟုန်ကိုအားနာလာတာနဲ့
ခေါင်းညိတ်သဘောတူလိုက်သည်။ဖေကြီးလည်းအရင်လိုသာသာကိုသိပ်ပြီးမတင်းကြပ်တော့။ပြီးတော့မာန်ဟုန်နဲ့ကိုပြေကိုလည်းရင်းနှီးနေပြီဖြစ်တာကြောင့်အသာတကြည်ပဲ
ခွင့်ပြုမှာပါ။အခုဆိုကားကိုတောင်သာသာကိုပေး
မောင်းတာပဲကြည့်လေ။တိုက်တိုက်ဆိုင်ဆိုင်ဖေကြီးခုလိုပြောင်းလဲလာတာညို့နဲ့သာသာမတွေ့ကြတဲ့အချိန်ကတည်းကပင်။ထူးတော့ထူးဆန်းသား။

   ''ဟဲ့…ငွေလသာ…ငေးလှငိုင်လှချည်လားဟ´´

   ''အေးပါဟာ…ငါလိုက်တိုက်ပါ့မယ်
ဘယ်မှာသောက်မှာလည်းပြော´
´
     ''အေးအဲ့ဒါကိုပြေနဲ့ညှိပြီးနင့်ကို
ပြန်ပြောမယ်လေ´´

Just Friend ZoneWhere stories live. Discover now