Just friend Zone... 5

951 64 1
                                    

Just Friend Zone
🍎🍎🍎🍎🍎
Les story part(5)

အခန်းထဲဝင်လာသည်နှင့်သာသာမျက်နှာသိပ်မကောင်းတာကြောင့်…
   ''သာသာနေမကောင်းဘူးလား´´

    ''ကောင်းပါတယ်ညို့ရယ်´´
ကောင်းပါတယ်သာပြောနေပေမဲ့သာသာမျက်နှာကတမျိုးဖြစ်နေပါသည်။ဘာဖြစ်လာတာပါလိမ့်အိမ်နဲ့အဆင်မပြေတာလား။
     ''သာသာကိုညို့ပြောစရာရှိတယ်
     သိလား´´
     ''ပြောလေ…ညို့…ဘာများလဲ´´
ညို့ကသာသာနားသို့ကပ်ပြီး
     ''ညို့နောက်တယောက်နဲ့တွဲမ
        လို့´´
သာသာရင်ထဲမှာစူးအောင့်သွားသည်။ညို့ကတော့…
     ''ရူပက…မာန်ဟုန်တဲ့ပုံစံက
     တော့လုံးဝအမိုက်စားပဲသိလား
     ပိုက်ဆံလည်းအရမ်းချမ်းသာမဲ့
     ပုံပဲ´´
ညို့ပြောတဲ့သူကိုသာသာသိပေမဲ့လည်းမသိသလိုပင်……
      ''အော်ဟုတ်လား´´
    ''ညို့ချက်ခြင်းတော့အဖြေမပေးခဲ့
     သေးပါဘူး…ဟီးဟီး´´
ညို့အရမ်းကိုကျေနပ်နေပုံပင်။တကယ်ပဲညို့ဘဝမှာပိုက်ဆံကအဲ့လောက်အရေးပါသလားညို့ရယ်။အတန်းချိန်ပြီးတော့ညို့နဲ့သာသာကန်
တင်းဘက်ကိုထွက်လာခဲ့သည်။

    ''မင်းကညို့ဆိုတာလား´´
ခပ်ဝဝအန်တီကြီးကညို့ကိုစူးရဲစွာကြည့်
ပြီးပြောလိုက်တာကြောင့်ညို့မှာကြောင်
အမ်းအမ်းလေးဖြစ်သွားသည်။ပြီးမှ
    ''ဟုတ်ပါတယ်…´´
အန်တီကြီးကညို့ကိုခြေဆုံးခေါင်းဆုံကြည့်လိုက်ပြီး…

     ''ရုပ်ကလေးကတော့သားသား
     ကြွေမယ်ဆိုရင်ကြွေလောက်စရာ
    ပါပဲ´´

    ''အန်တီဘာကိုပြောချင်တာလဲ´´
ညို့စိတ်မရှည်စွာမေးလိုက်သည်။

   ''ပြောမှာပါ…ညည်းငါ့သားနဲ့
    ထပ်ပြီးမပက်သက်ပါနဲ့´´

   ''အန်တီဘာတွေလာပြောနေတာလဲ´´

    ''ဘာပြောရမှာလည်းညည်းကို
    ငါ့သားမောင်မောင်လွင်နဲ့ထပ်ပြီး
    မပက်သက်ဖို့လာပြောတာ´´
အန်တီကြီးရဲ့အသံမှာဘယ်လောက်တောင်ကျယ်သွားသည်မသိအားလုံးရဲ့မျက်လုံးတွေကသာသာတ်ို့ဆီရောက် လာသည်။ညို့က………
    ''ကျမနဲ့အန်တီသားနဲ့ဘာမှပက်သက်
  စရာမရှိပါဘူးကျမဘက်ကတော့
  အန်တီသားကသာကျမကိုလိုက်ပက်
  သက်နေတာ´´
ညို့အပြုံးမပျက်ပြန်ပြောလိုက်တော့မောင်မောင်လွင့်အမေမှာမျက်နှာကြီးမဲပုတ်သွားပြီး……
    ''အေးအဲ့လိုဖြစ်အောင်နင်က
    ဘယ်လိုမာယာတွေနဲ့မြူဆွယ်
    ထားလဲမှမသိတာ´´

Just Friend ZoneWhere stories live. Discover now