Just friend Zone...15

955 56 0
                                    

Just Friend Zone
🍎🍎🍎🍎🍎🍎
Les story part(15)

ညို့မျက်ရည်မှာဝဲတက်လာသည်။ဖုန်းဖိုးပိုက်ဆံကိုအမြန်ရှင်းကာဆိုင်ထဲမှထွက်ခဲ့သည်။ရွာကသုံးဘီးမောင်းသောကောင်လေးကညို့မျက်နှာကိုတချက်အကဲခတ်ပြီး...

   ''ဆရာမလေးနေမကောင်းဘူးလား
   ဗ်ျ´´

ညို့ပျက်နေသောသူမရဲ့မျက်နှာကိုချက်ချင်အပြုံးနဲ့ဖုံးကွယ်သည်။

   ''ကောင်းပါတယ်…ကွယ်´´

      ''စျေးကော…ဝယ်လိုပြီးပြီလား
ကျွန်တော်ဘာကူညီပေးရအုံးမလဲ´´

    ''ဝယ်ပြီးသွားပါပြီ´´

     ''အော်…ဟုတ်ကဲ့…ကျန်တဲ့သူတွေဝယ်လို့မပြီးသေးဘူးလာမသိဘူးကြာလိုက်တာ´´

သုံးဘီးမောင်းတဲ့ကောင်လေးပြောနေစဉ်မှာပင်စျေးဝယ်သူများတဖွဲဖွဲရောက်ချလာသည်။ညို့မှာတလမ်းလုံးသာသာ့အကြောင်းကို
တွေးရင်းလိုက်ပါခဲ့ရသည်။ရွာရောက်တော့မိုးချုပ်စပြုနေပြီဖြစ်သည်။

ညို့ရေကိုမြန်မြန်ချိုးကာညနေစာစားသောက်ပြီးနန်းသက်ဆုနဲ့ရွာထိပ်ကချယ်ရီပင်
လေးအောက်ကိုထွက်ခဲ့ကြသည်။နန်းသက်ဆုကတော့ရွာထဲတွင်တနေ့တာ
ဖြစ်ပျက်ခဲ့သမျှစီကာပက်ကုံးညို့ကိုပြော
ပြနေသည်။

     ''မမညို့…ကျောင်းပိတ်ရင်မြို့ကိုပြန်မှာဆို
ဟုတ်လား´´

    ''အင်း…ဟုတ်တယ်…သက်ဆုရဲ့´´
နန်းသက်ဆုမှာမျက်နှာလေးညိူ းငယ်သွားပြီး...

    ''ဟွန်း…အဲ့ဒါဆိုရင်တော့…
သက်ဆုတော့ပျင်းနေတော့မှာပဲ´´

     ''သက်ဆုပါလိုက်ခဲ့ပေါ့မမနဲ့´´

   ''တကယ်!´´

နန်းသက်ဆုမှာမျက်နှာလေးဝင်းလက်သွားသည်။ပြီးတော့တစ်ခုခုကိုစဉ်းစားမိဟန်နဲ့...

      ''အင်း…ဒါပေမဲ့အဖေကလွှက်ပ့ါမလားမသိ
ဘူးနော်´´

     ''မမပြောပေးမှာပေါ့…သက်ဆု´´

     ''တကယ်နော်…မမညို့…အာပျော်လိုက်တာသက်ဆုမြို့ရောက်တော့မှာပေါ့´´

နန်းသက်ဆုမှာမြို့ကိုတခါမှမရောက်ဖူးသူပီပီအရမ်းကိုပျော်ရွှင်နေပါသည်။ဆောင်းလေကတဖျပ်ဖျက်တိုက်ခက်နေတာကြောင့်ညို့ရဲ့ဆံနွယ်စများမှာလူးလွှင့်လှုပ်ရှားနေသည်။ညို့အနွေးထည်လေးကိုရင်စေ့လိုက်သည်။

Just Friend ZoneWhere stories live. Discover now