Just Friend Zone...13

854 60 0
                                    

Just friend Zone
🍎🍎🍎🍎🍎🍎
Les story part(13)

အိမ်ပြန်ရောက်တော့ညို့အခန်းထဲပြေးဝင်ကာငိုကြွေးနေမိသည်။သာသာ့ဆီမှခါးသီးလွန်းတဲ့စကားတွေဟာညို့နားထဲကအခုထိမထွက်။သာသာ့ဒီလောက်ထိပေါက်ကွဲသွားလိမ့်
မယ်လို့ညို့မထင်မိခဲ့။အခုတော့သာသာညို့ကိုအရမ်းကိုနာ
ကျည်းသွားခဲ့ပြီ။နေပါစေတော့သာသာရယ်…ညို့ဘာမှရှင်းမပြချင်တော့…။

အခုလောက်ဆိုရင်သာသာရဲ့ဖေကြီး
လည်းကျေနပ်နေလောက်ပြီပေါ့။ညို့ရဲ့မာနနဲ့သိက္ခာကိုညို့နှလုံးသားနဲ့
လဲယူလိုက်ရတာပါ။ပြီးတော့သာသာ့ကိုညို့ကြောင့်စိတ်သောကမပေးရက်ဘူးကွယ်။မုန်းလိုက်ပါတော့ညို့ကို…။ညို့တို့ရေစက်ကဒီလောက်ပဲပါတယ်လို့ညို့သက်မှတ်ပါတယ်…။

အောင်စာရင်းတွေထွက်တော့ညို့သာသာ့ကိုပိုလွမ်းမိပါသည်။သာသာနဲ့ညို့အဆက်သွယ်အားလုံး
ပြတ်တောက်သွားခဲ့ဒီနေ့နဲ့ဆိုဆယ်
ရက်လောက်ရှိနေပြီဖြစ်သည်။

သာသာ့ခြေထောက်ကောသက်သာရဲ့လားမသိ။လွမ်းတယ်သာသာရယ်…။

      ''ညို့သမီးရေ…အိမ်ရှေ့မှာ
ဟိုဆရာရောက်နေတယ်´´

မီးဖိုချောင်ထဲတွင်ဟင်းချက်နေသောညို့ကိုအမေကလာခေါ်ပါသည်။အမေကဟိုဆရာလို့ပြောလိုက်ကတည်းကဦးဆိုတာညို့သိလိုက်ပါသည်။

     ''သွားလိုက်အုံးသမီး…အမေဆက်ပြီးချက်လိုက်မယ်´´

    ''ဟုတ်ကဲ့အမေ´´

ညို့ဟင်းအိုးကိုအမေနဲ့ထားခဲ့ပြီးအိမ်ရှေ့ထွက်ခဲ့သည်။

     ''လာညို့…ဘာတွေလုပ်နေလဲ´´

ဦးကညို့ကိုဆီးမေးပါသည်။ဦးဘေးတွင်တော့အမတစ်ဦးကိုပါတွေ့
လိုက်ရသည်။

     ''ဘာမှမလုပ်ပါဘူး…ဦး´´

     ''အင်း…ညို့ကိုမိတ်ဆက်ပေးရအုံးမယ်…ဒါက
ဦးနဲ့လက်ထပ်မဲ့သူလေ…ဒေါက်တာ
နွယ်နွယ်စိုးတဲ့´´

     ''ဟုတ်ကဲ့တွေ့ရတာဝမ်းသာ
ပါတယ်ဒေါက်တာ´´

ညို့ဦးမိတ်ဆက်ပေးသောဒေါက်တာ
နွယ်နွယ်စိုးကိုပြုံ းပြရင်းဆိုလိုက်သည်။ဦးက

Just Friend ZoneWhere stories live. Discover now