ချစ်သူသက်တမ်း ၂နှစ်ပြည့်တဲ့နေ့မှာ
ချန်းယောလ်က ဘတ်ဟျွန်းရဲ့ပုံတူခဲပန်းချီလေးတစ်ချပ်ကိုလက်ဆောင်ပေးခဲ့တယ်။
ဘတ်ဟျွန်းပြန်ပေးခဲ့တာက ပိုသာတဲ့ချစ်ခြင်းတွေနဲ့
Cactus ပင်လေးတစ်ပင်။"Cactusပင်လေးက ချန်းယောလ်လိုပိုင်ရှင်နဲ့မှ ပိုသင့်တော်တာ
ဂရုမစိုက်ပဲပစ်ထားရင်တောင် သူ့ဘာသာ ရှင်သန်ပြီး
နောက်ဆုံးမှာ ပန်းလေးတစ်ပွင့်တော့ ပွင့်တယ်လေ""ဒါဆို အရမ်းဂရုစိုက်မိရင်ရော"
" သေသွားမယ်ထင်တယ်
ချစ်စရာကောင်းလွန်းလို့ နေ့တိုင်းရေလောင်းမိရာက
တစ်လလောက်ကြာရင် အမြစ်တွေပုတ်သွားလိမ့်မယ်"*Cactus 🌵 အပူပိုင်းဒေသတွေမှာပေါက်ပြီး
ရှားစောင်းမျိုးစိတ်မှာ ပါဝင်တဲ့
ကျားလျှာ(အရပ်ခေါ် အမည်)ပင်ဖြစ်ပါတယ်။
_တက္ကသိုလ် ဒုတယနှစ်ရောက်တော့
ဘတ်ဟျွန်း နဲ့ ချန်းယောလ် တိုက်ခန်းအတူငှားပြီးနေကြတယ်။
ဘတ်ဟျွန်းထက်စာရင် ချန်းယောလ်က အများကြီးပိုပြီးခက်ခဲတဲ့ ပညာတွေကိုဆည်းပူးရတာကြောင့်
စာအုပ်နဲ့မျက်နှာ ဘယ်တော့မှခွာတယ်မရှိဘူး။
ဒါကြောင့်လည်း စာကြည့်မျက်မှန်ခပ်ထူထူကို
ချန်းယောလ် တပ်လိုက်ရတယ်။ဘတ်ဟျွန်းကတော့ အချိန်ပိုင်းအလုပ်သွားလိုက်
ကျောင်းတက်လိုက် စာမေးပွဲနီးရင် စာကျက်လိုက်။
ချန်းယောလ်ကို ဂရုစိုက်လိုက်နဲ့ပဲ အချိန်ကုန်ခဲ့တယ်။
ချန်းယောလ်ရဲ့စာတွေက ခက်လို့နေမှာပါ
တစ်ခါတစ်လေ စာကျက်လို့မရရင် ဘတ်ဟျွန်းကိုဒေါသထွက်မယ်။
အတန်းထဲမှာ ရမှတ်ထိပ်ဆုံးကိုမရတဲ့အခါတွေမှာ
ဘတ်ဟျွန်းကို ဒေါသထွက်တယ်။
တစ်ချို့ရက်တွေမှာ မနက်စာကို ကြက်ဥထမင်းကြော်
ကျွေးရင်တောင် ဘတ်ဟျွန်းကို ဒေါသထွက်တယ်။
ဘတ်ဟျွန်းရဲ့ တက္ကသိုလ်က သူငယ်ချင်းအသစ်တွေနဲ့ မိတ်ဆက်ပေးတဲ့အခါ ချန်းယောလ်ကတော့ မသိသလို ခပ်တည်တည်နေတယ်။
ပြန်လာရင် ဘတ်ဟျွန်းကို ဒေါသထွက်တယ်။
တစ်ခါတစ်လေဆို ဘတ်ဟျွန်းကို တစ်ချိန်လုံးဟင်းပဲချက်နေလို့ဒေါသထွက်တယ်။
တစ်ခါတစ်လေ ကော်ဖီတွေချိုလို့ဒေါသထွက်တယ်။
တစ်ခါတစ်လေ ကော်ဖီတွေခါးလို့ဒေါသထွက်တယ်။
_
![](https://img.wattpad.com/cover/290890611-288-k884431.jpg)
YOU ARE READING
Love = Cactus 🌵 *Complete*