ချန်းယောလ်နဲ့ ဘတ်ဟျွန်း ချစ်သူဖြစ်တာ
တစ်နှစ်ကျော်ကြာခဲ့ပြီ။
အထက်တန်းစာမေးပွဲကြောင့် နှစ်ယောက်သားအတူရှိချိန်ထက်စာကျက်ချိန်တွေ နေရာဝင်ယူလာကြတယ်။
အဲ့ဒီကာလဟာ ဘတ်ဟျွန်းအတွက် ငရဲလိုပဲ။တက္ကသိုလ်ဝင်ခွင့်အမှတ်တွေထွက်လာတဲ့အချိန်မှာ
ချန်းယောလ်က အားလုံးခန့်မှန်းထားသလိုပဲ
ကြိုက်တဲ့တက္ကသိုလ်ကို တက်နိုင်တဲ့ အမှတ်နဲ့
အကောင်းဆုံးအောင်မြင်ခဲ့တယ်။
ဘတ်ဟျွန်းကတော့ သာမန်အမှတ်လောက်နဲ့ပဲ
အထက်တန်းကိုအောင်အောင်မြင်မြင်ပြီးဆုံးခဲ့တယ်။ဆေးတက္ကသိုလ်တက်မယ့်ချန်းယောလ်ကြောင့်
ဘတ်ဟျွန်း ငိုခဲ့တာ သုံးရက်ဆက်တိုက်ပဲ။
အဲ့ဒီလိုသာဆို ဘတ်ဟျွန်းရတဲ့အမှတ်လေးနဲ့
ချန်းယောလ်နဲ့ တက္ကသိုလ်တစ်ခုတည်း အတူတူတက်ဖို့
မဖြစ်နိုင်ဘူး။
ချန်းယောလ်ကို တားလို့ကလည်းရမှာမဟုတ်ဘူး။
ဘတ်ဟျွန်းကိုက ညံ့ခဲ့တာကို။နောက်ဆုံးတော့ ဘတ်ဟျွန်းရဲ့အမှတ်နဲ့ဝင်ခွင့်အဆင်ပြေနိုင်မယ့်
တက္ကသိုလ်တွေကိုပဲ ဘတ်ဟျွန်းရွေးချယ်ဖို့လုပ်ခဲ့တယ်။
ကံကောင်းတယ်ပဲပြောရမလား ချန်းယောလ်တို့ တက္ကသိုလ်နဲ့နီးတဲ့ စိုက်ပျိုးရေးသိပ္ပံကောလိပ်ကျောင်းမှာ
ဘတ်ဟျွန်း ဝင်ခွင့်အောင်သွားခဲ့တယ်။အဲ့ဒီနေ့က ချန်းယောလ် ရဲ့မျက်နှာကပြုံးနေခဲ့သလား။
ဒါမှမဟုတ် ချန်းယောလ်ရဲ့မျက်နှာက ပုံမှန်ပဲလားတောင်
ဘတ်ဟျွန်းသတိမထားမိခဲ့ဘူး။
ပျော်လွန်းလို့ ချန်းယောလ်ရဲ့ လည်ပင်းကိုသိုင်းဖက်ပြီး
ချန်းယောလ်ရဲ့ခါးပေါ် ခွတက်မိတဲ့အထိပဲ။တက္ကသိုလ်တွေ မဖွင့်ခင် ပိတ်ရက်မှာ ချန်းယောလ်ရဲ့
အသက် ၁၉နှစ်ပြည့်မွေးနေ့ကို ဘတ်ဟျွန်းနဲ့အတူ ကုန်ဆုံးခဲ့တယ်။
ချန်းယောလ်ရဲ့ မွေးနေ့မှာ နောက်တစ်ခါထပ်မရနိုင်တော့တဲ့ လက်ဆောင်မျိုးပေးဖို့ ဘတ်ဟျွန်းကိုတောင်းဆိုခဲ့တယ်။
ကြည်ဖြူစွာပဲ ဘတ်ဟျွန်း နှင်းအပ်ခဲ့ပါတယ်။
ချန်းယောလ်ဟာ ဘတ်ဟျွန်းရဲ့ ပထမဆုံးနဲ့ နောက်ဆုံး ဖြစ်သွားမှာ။
အဲ့ဒီနေ့ကစလို့...တစ်သက်လုံး...ထာဝရ။
ဒါကလည်း မပြောင်းလဲဘူးထင်ပါတယ်။
YOU ARE READING
Love = Cactus 🌵 *Complete*