23

0 0 0
                                    

၂၃ မှာ ပျက်သုဉ်းကုန်တယ်။
ဘယ်တော့မှ လူမစုံနိုင်တော့တဲ့ ဘယ်တော့ ပြန်ဆုံရမယ်မှန်း မသိတဲ့ reunion တွေပေါ့။

၂၃ မှာ ကိုယ့်ကိုကိုယ် ပေးထားတဲ့ ကတိတစ်ခု ချိူးဖောက်မိတယ်။ ( အမှန်တော့ အများကြီးပါ။) Korea ရောက်မှ Han မြစ် ဘေးမှာ သောက်မယ်ဆိုတဲ့ Soju အမေဆုံးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ သောက်ဖူးခဲ့ပြီ။ ဘာမှလည်း မဆိုင်ဘူးနော်။ ကိုယ့်ဟာကိုယ်တော့ ကိုရီးယားဆွေး ဆွေးတာပေါ့။ ရယ်ရတယ်။ ဆေးသကြားချိူသလို ချိူပြီး ခါးနေလို့ ရေခဲသေတ္တာထဲက တစ်လုံး လွှင့်ပစ်ရဦးမယ်။

၂၃ ဟာ မငယ်တော့ဘူး။ အရွယ်ရောက်ပြီတဲ့။ ကလေးဆန်နေသေးတာတွေ မပြည့်ဝသေးတာတွေ ပြင်ဖို့တော့ အများကြီးကျန်သေးတယ်။ ကိုယ့်မိသားစု အတွက်တော့ အမြဲ ကလေးလေး ဖြစ်နေဦးမယ် ထင်တယ်။ ချီးပါသေးပေါက် filter မလုပ်ပဲ အကုန်ပြောပြောပြတတ်လို့။

၂၃ ရောက်ပြီဆိုတော့ ငယ်ငယ်လေးနဲ့ အလုပ်လုပ်နေရ၊ stress များလိုက်တာ ညည်းလို့ မရတော့ဘူး။ အလုပ်လုပ်ရတဲ့ အရွယ်ရောက်နေပါပြီလေ။

၂၃ မှာ နှလုံးသားပိုကြီးဖို့ရယ်၊ အဆိုးမြင်ဝါဒီ ဆန့်ကျင်ဖို့ရယ် ကြိုးစားရမယ်။ ခက်ခဲပေမဲ့၊ အောင့်သက်သက်ဖြစ်ရပေမဲ့ ဒီလောကထဲ ရှိနေတုန်းလေးပဲ လုပ်ရမှာမို့လို့ ကြိုးစားလုပ်ရမှာပဲ။

၂၃ မရောက်ခင်မှာ အိမ်မက်တောင် မမက်ဖူးတဲ့ အဖြစ်အပျက်တွေ ဝုန်းဝုန်းဒိုင်းဒိုင်း ဝင်ချလာရင်း ငါ့ကို ရိုက်နှက်ကြတယ်။ ခါးသီးပေမဲ့ ဆက်ရွေ့လျားနေရတဲ့ ရထားကြီးမှာ အဲ့ဒီ အရိုက်ခံရတဲ့ နာကျင်မှုတွေ ဖြည်းဖြည်းစီ လွှတ်လွှတ်ချရင်း ဆက်စီးသွားရဦးမယ်။ မလွှတ်ချရင် ပိုနာကျင်ရမှာ ကိုယ်ပဲဖြစ်မှာကိုး။ အသက်ဆက်ရှင်နေရမဲ့ ကိုယ့်ကိုကိုယ်အတွက် အတ္တကြီးလိုက်တဲ့ သဘောပေါ့။

သူ အသည်းအသန်ဖြစ်တဲ့ အချိန် ဆေးရုံရောက်နေပြီပဲ ပြန်ကောင်းမှာပါလေဆိုပြီး အလုပ်ကိုပဲ သည်းကြီးမည်းကြီးအာရုံစိုက်ရင်း  သူ့ကိုတော့ ဘယ်လောက်ချစ်ကြောင်း၊ ကျေးဇူးတင်ကြောင်း သေချာမပြောဖြစ်ခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ် အပြစ်တင်စိတ်ကြီးက၂၃ ကျော်သွားလည်း တစ်သက်လုံး  ရှိနေမှာ သေချာတယ်။ How ignorant I was.

၂၃ မှာ သတိရတယ် မိုးရယ်။

Chanbee Lives and Chanbee Writes Where stories live. Discover now