[ Edit ] အခန်း - ( ၂ )

2.1K 115 3
                                    

[ နာကျင်မှုအားမဖော်ပြသောလူတစ်ယောက်။ ]

ခွပ် ~

"မင်းကိုယ်မင်းဘာထင်နေလဲ ဒီဂိုဏ်းရဲ့သခင်လို့လား ဟမ်"

သွေးထွက်သွားတဲ့နှုတ်ခမ်းထောင့်ကိုလက်ခုံဖြင့်သုတ်လို့ သူ့ရှေ့ကလူကိုပြန်ကြည့်သည်။

"မင်းဘယ်လိုပြန်ကြည့်တာလဲ"

အေးစက်သောအကြည့်တွေအား မခံစားနိုင်သည့်နှယ် ရှောင်းကျန့်ကိုအော်ဟစ်တော့သည်။ ကောင်းသည်ဆိုးသည် တစ်ခွန်းတစ်ပါဒမှမဆို ထိုလူကိုကျော်သွားလေသည်။

"တစ်ဖွဲ့တည်းသားချင်း သွေးကွဲစရာမလိုဘူး "

သူ့အဖေအပ်နှင်းထားသည့် စမ်းသပ်ချက်ထဲတွင် မိမိကိုလေးစားကာကြောက်ရွံ့စေရမည့်တာဝန်လည်း ပါရှိလေသည်။ သခင်ရဲ့အလေးပေးခြင်းခံရတဲ့အခါ မည်သူမဆိုမနာလိုဖြစ်ကြမှာ အမှန်ပါပဲ။

ရှောင်းကျန့်ရဲ့စကားအားကြားလိုက်ရသော သူတို့မှာအနည်းငယ်ချမ်းစိမ့်မှုကိုခံစားရပြီး ထိတ်လန့်သွားကြသည်။ ပစ္စည်းတစ်ခုအား
ယှဥ်ပြိုင်ကာလုဖို့စေလွှတ်ခြင်းခံရသည့် မိမိတို့အဖွဲ့ ဒါပေမဲ့အသက်ပြည့်ခါစကောင်လေးက သူတို့ရဲ့ခေါင်းဆောင်ဖြစ်နေတယ်။

ဘယ်လိုမျိုးသည်းခံနိုင်ရမှာလဲ ပိန်ပါးတဲ့ကိုယ်လေးနဲ့ဖြူဖျော့နေတဲ့မျက်နှာ။ ဘယ်လိုလို့သူတို့ရဲ့ခေါင်းဆောင်အဖြစ်လက်ခံနိုင်ရမှာလဲ။

"အခုချိန်ငါ့ကိုမင်းတို့ရဲ့ခေါင်းဆောင်အဖြစ်မသတ်မှတ်ပဲ နေနေဦးမယ်ဆိုရင် မင်းတို့အသက်တွေကျန်ရှိနေဦးမယ်လို့ အာမမခံနိုင်ဘူး "

သူတို့ရှေ့ကကောင်လေးအားကြည့်တော့ သွေးထွက်နေသောညာလက်အား အဝတ်စနဲ့ခပ်တင်းတင်းချည်နေလို့ ရှေ့ကအဖွဲ့ကိုမျက်စပစ်ပြသည်။

"သခင်ခိုင်းတဲ့အတိုင်းအဲ့ပစ္စည်းကိုရအောင်လုရမှာပဲ မင်းတို့စိတ်ဝမ်းကွဲနေမယ်ဆိုရင် သူများရသွားလိမ့်မယ်"

တည်ကြည်တဲ့မျက်နှာထား လေးနက်တဲ့အကြည့်တွေ သေးငယ်ပေမဲ့အဆိပ်ပြင်းလှတဲ့မြွေပွေးတစ်ကောင်လို။

Rebirth:Am I Not Dead Yet?(Book-2) Where stories live. Discover now