09

6.6K 988 5
                                    

[ သတိမရသောဝက်ပေါက်စ ]

ယဲ့ရန်ဖုန်းတစ်ယောက် သူ့ရဲ့ဘော့စ် (အကိုShi-ရှီဝမ်ကျင့် )
ခိုင်းထားသောကိစ္စအားလုပ်ဆောင်ရန် ပေကျင်းသို့ ခေတ္တပြန်လာခဲ့ရသည်။

စုံစမ်းခိုင်းထားသောအချက်အလက်များကို စစ်ဆေးပြီးသောအခါ သတ်မှတ်ထားသောအချိန်ထက် စောကာပြီးသွားခဲ့သည်။

ပိုလျှံနေတဲ့အချိန်များကိုအကျိုးရှိရှိအသုံးချရန်
XZ ကုမ္ပဏီိသို့ ရောက်လာခဲ့သည်။

ရုံးဆင်းချိန်အထိ ကားပါကင်တွင်​​နေကာ
တစ်စုံတစ်ယောက်ကိုစောင့်ဆိုင်းနေခဲ့သည်။

ထိုသူကတော့

နက်ခ်တိုင်အားအနည်းငယ်ဟကာ ကားတံခါးဖွင့်ရန်ပြင်နေသော စုန့်ယန်ခဲ့(ယန်လေး)

ကားထဲသို့မဝင်ခင် အနောက်မှကနေအဖက်ခံလိုက်ရသောအခါ
ထိုသူရဲ့လက်ကိုလိမ်ကာ ချရန်ပြင်လိုက်ပေမဲ့
မိမိသာပြန်ပြီးအချုပ်ခံရကာ ကားမျက်နှာပြင်နဲ့ကပ်နေတော့သည်။

"တွေ့တွေ့ချင်း ကြိုဆိုတာကလည်း ပြင်းထန်လိုက်တာ"

"ခွေးကောင် ရန်ဖုန်း လွှတ်စမ်း "

"ကိုကိုရန် လို့ခေါ်ရင် လွှတ်ပေးမယ် "

"-ီးတောင်မခေါ်နိုင်ဘူး "

ဒါကယန်လေးရဲ့ပုံစံအမှန်ပါပဲ။
ထိုပုံစံအမှန်ကိုမြင်တွေ့နိုင်တာကလည်း ယဲ့ရန်ဖုန်းတစ်ယောက်ပဲရှိသည်။

"ချိုသာလိုက်တဲ့ဆဲသံလေး မကြားရတာ နှစ်နှစ်ရှိပြီ"

"မင်းလိုကုပ်ကမြင်းကို အကိုရှီ ဘယ်လိုများယုံကြည်လဲ စဥ်းစားမရဘူး "

"ဒါကတော့ "

စကားကိုခဏရပ်ကာ နားထင်စပ်လေးကိုနမ်းလိုက်ပြီး

"ခွေးကောင် ငါကမင်းစော်မဟုတ်ဘူး"

"လုပ်ရည်ကိုင်ရည်နဲ့ပဲဆိုင်တာပါ ယန်လေးရယ်"

"ငါ့ကိုအခုလွှတ် "

တုန်ရီနေသောကိုယ်လေး

ရန်ဖုန်းငိုနေတယ်ထင်ကာ ချက်ချင်းလွှတ်ပေးကာ ဒူးထောက်လိုက်ပြီး

Rebirth:Am I Not Dead Yet?(Book-2) Wo Geschichten leben. Entdecke jetzt