02

15K 1.2K 4
                                    

[ပြန်လည်မွေးဖွားလာခြင်း]

အေးစက်သောမြေအောက်ခန်းထဲတွင်
ပိတ်ပိန်းနေသောအမှောင်ထုကကြီးစိုးနေသည်

ချည်နှောင်ထားတဲ့သံကြိုးတွေက တချွင်ချွင်မြည်နေပြီး
တိတ်ဆိတ်မှုကိုဖြိုခွဲနေသယောင်

"ဒီနေ့နဲ့ဆိုဘယ်နှစ်ရက်ပါလိမ့်"

သေလောက်အောင်နှိပ်စက်ခံထားရသောကြောင့်
နာကျင်မှုများကတစ်ကိုယ်လုံးအနှံံ့ပြန့်ကျဲနေသည်

"သေသွားခဲ့ရင်လွတ်မြောက်ပြီထင်တယ်"

မိခင်ဖြစ်သူဆီက အထင်လွဲခံရခြင်းက ခံရခက်သောလည်း
နင်ကိုမွေးမလာခဲ့သင့်ဘူးဟူသော စကားက ပိုပြီးခံစားရသည်

သူလည်းလူပါပဲ ဘယ်လောက်ပဲ မာကျောတဲ့နှလုံးသား
ရှိနေလည်း အမေဆိုသောသူဆီကနေ အသိအမှတ်ပြုတော့ခံချင်သေးသည်

"ငါ့ထက် ရှန်းယူက ဘာများကောင်းလို့လဲ"

ပထမဆုံးတွယ်တာမိတဲ့အမျိုးသမီးကလည်း
ရှန်းယူရဲ့ချစ်သူဖြစ်နေခဲ့သည်

"ငါကဘာတွေများအပြစ်လုပ်ခဲ့လို့လဲ"

ဖခင်တည်ထောင်ခဲ့သောတရားမဝင်ဂိုဏ်းအား
ဖျက်သိမ်းဖို့နှစ်အနည်းငယ်ကြိုးစားခဲ့ပြီး
သမာရိုးကျ နည်းနဲ့ အောင်မြင်ကျော်ကြားလာတဲ့သူ့အပေါ်
စတင်ဖျက်ဆီးသည်က ရှန်းယူ

"ငါကတော့ ချစ်လွန်းလို့ ယုံလိုက်ရတာ "

ကုမ္ပဏီရဲ့အဓိကပရောဂျက်အား လိမ်လည်ထုတ်သွားသော မင်ရှီး

"ငါတကယ်နတ်ဘုရားတွေကိုမယုံကြည်ဘူး
ဒါပေမဲ့ အခုဖြစ်နေတာတွေထဲမှာ ငါဘာများမှားခဲ့လို့ ဒီလောက်ထိငါ့ဘဝကစုတ်ပြတ်သတ်နေရတာလဲ "

သိချင်သည့်မေးခွန်းတစ်ခုတည်းအတွက်
ပြန်ပေးဆွဲခဲ့တာပါ
ဘာကြောင့်ငါကလူဆိုးကောင်ဆိုတဲ့နေရာကို
ရပြီး အခုလိုနှိပ်စက်ခံနေရတာလဲ

ငါ့ကိုသေခွင့်ပေးလိုက်ပါတော့
ငါတကယ်ကိုအဆုံးသတ်ချင်နေပြီ

ချစ်မြတ်နိုးတဲ့သူမရှိတဲ့ဘဝထဲမှာ
မနေချင်တော့ဘူး

သေဆုံးခွင့်ပေးပါ

Rebirth:Am I Not Dead Yet?(Book-2) Where stories live. Discover now