08

6.8K 1K 12
                                    

[ ပထမဆုံး ................... ]

သူ့မေမေအားကိုးနဲ့ လူအား မသိချင်ယောင်ဆောင်နေသော
ဝက်ပေါက်စအား ဘာစကားမှမဆိုဘဲ စားနေတာကိုသာ
ထိုင်ကြည့်နေသည်။

ဆက်သွယ်လာသောဖုန်းတစ်ကောလ်က
သူ့ရဲ့စိတ်မရှည်မှုတွေကိုဓာတ်ဆီထည့်လောင်းလိုက်သလိုပင်။

"မနက်ဖြန်ညနေလောက် ငါ လာခဲ့မယ် "

ဖုန်းချပြီး နေရာဆီကိုပြန်လာတော့ မျက်နှာအနေအထားက မကောင်းတဲ့အခြေအနေဘက်ရောက်နေသည့်
Miss Wang ကိုတွေ့ရသည်။

မိမိအား အကူအညီတောင်းကာ
ထွက်သွားလေသည်။

မိမိနေရာသို့ပြန်ထိုင်ပြီး
အရှေ့ကဝက်ပေါက်စကိုသာ ထိုင်ကြည့်နေခဲ့သည်။

စားပြီးလို့ လက်တွေပါးစပ်တွေသေချာသုတ်ကာ
လေချဥ်တက်သံတိုးတိုးလေးတောင် ထွက်သွားသေးသည်။

မိမိကိုခိုးကြည့်ပြီး ဘာကိုစိတ်သက်သာရာရသွားလဲမသိပေ။

ခုံပေါ်ကနေဆင်းကာ လျောက်သွားနေသော ခြေတံသေးသေးလေးတွေနောက် ဖြည်းညင်းစွာလိုက်လာခဲ့ပေမဲ့ ရေထဲသို့ပြေးသွားသောဝက်ပေါက်စ
စောနကဗိုက်လေးနေတဲ့ပုံနဲ့တစ်ခြားစီ။

ရေထဲလုံးလုံးလျားလျားမရောက်ခင် ဂုတ်ကနေဆွဲမလိုက်တော့
လွှတ်ပေးဖို့ ပြောသည်။

ဘာလုပ်ဖို့လဲမေးတော့ water skiing ဆော့နေတဲ့လူတွေကို သဘောကျတဲ့အကြည့်နဲ့ကြည့်ကာ

"ဆော့မလို့ ဆော့မလို့ "

"ရေထဲဆင်းရင်မြှုပ်မယ့်အရပ်နဲ့ဆော့ချင်တာလား"

အရပ်ကဖြင့်သူ့ဒူးလောက်ပဲရှိပြီးတော့
ရေထဲဆင်းချင်နေသေးတယ်။

သူ့ကိုယ်သူကြည့်ပြီး ဝမ်းနည်းသွားတဲ့ပုံနဲ့
လွှတ်ပေးဖို့ပြောကာ အိပဲ့အိပဲ့နဲ့ထွက်သွားလေသည်။

အခု ငါ ကလေးတစ်ယောက်ဆီကနေ လျစ်လျူရှုခံလိုက်ရတာလား ။
ဒါနဲ့ ဘာကိစ္စ ဝမ်းနည်းနေတဲ့ပုံပေါက်နေရတာလဲ ။

ကျစ် !!

ဆံပင်တွေကိုဆွဲဖွလိုက်ရင်း

ငါ့ဘဝမှာပထမဆုံးအပြစ်ရှိသလိုခံစားလိုက်ရတာပဲ။

Rebirth:Am I Not Dead Yet?(Book-2) Where stories live. Discover now