03

10.3K 1.2K 5
                                    

[ ကျေးဇူးမတင်တဲ့ကလေးတစ်ယောက် ]

ပြန်လည်မွေးဖွားလာသောဘဝတွင်
ရှောင်းကျန့် အရင်ကထက်ကြိုးစားခဲ့သည်

သူ့ဖခင်ဘေးတွင်လည်းအမြဲနေသဖြင့်
ဂိုဏ်းတူညီအကိုမ​ျားက ကပ်ဖားနေတယ်လို့တောင်
ထင်ခဲ့သည်

တစ်ဖက်သားရဲ့ထင်မြင်ချက်တွေကို ရှောင်းကျန့် စိတ်မဝင်စားပေ သူလုပ်ရမည့်ကိစ္စတွေကိုသာ အာရုံစိုက်သည်

အရင်ဘဝကလို ဖခင်သေဆုံးသွားသည်ကိုသေချာမသိရသလို
အခုဘဝတွင်လည်းမသိရပေ
နှစ်နှစ်စောပြီးတောင် သေဆုံးသွားခဲ့သည်

သို့​ေသာ်လဲကျနေသောအသက်မဲ့ကိုယ်ရဲ့ဘေးတွင်
ဆေးလုံးအနည်းငယ်ကိုတွေ့ရသည်

အထီးကျန်မှုကိုအဲ့လောက်ထိမုန်းတီးရတာလား အဖေရာ

အသက်၁၉ဖြင့် ဂိုဏ်းရဲ့အရှင်သခင်ဖြစ်လာသည်
အလိုမကျသောသူများကို ရှောင်းကျန့် က ဂိုဏ်းထဲကနေထုတ်ပယ်သည်

သူ့တို့တွေကအရင်ဘဝက နောက်ကျောကိုဓားနဲ့ထိုးတဲ့သူတွေ

တည်ထောင်တာကြာလှပြီဖြစ်သော ဒုစရိုက်ဂိုဏ်းကို
ရှောင်းကျန့်၂နှစ်ကျော်ကြာအောင် အချိန်ပေးကာ
ဖျက်ဆီးခဲ့သည်

အရင်ဘဝကသူ့ရဲ့အပြစ်မ​ျားထဲတွင် ဒုစရိုက်ဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်နေတာလည်းပါသည်

ပြိုကွဲသွားသောဂိုဏ်းနှင့်အတူ
အသစ်ပေါ်လာသော XZ ကုမ္ပဏီနှင့် ကုန်တိုက်များ

ယုံကြည်ရသောသူမ​ျားကိုဦးစီးစေခဲ့ပြီး
သူကိုယ်တိုင်က ဘော့စ်နေရာကိုယူခဲ့သည်

အရာအားလုံးကို ငြိမ်းချမ်းအောင် ဆောင်ရွက်ထားခဲ့သည်

ဟူး

ရှောင်းကျန့် လွန်ခဲ့တဲ့၄နှစ်ကိုပြန်တွေးရင်း
သက်ပြင်းချလိုက်ပေမဲ့ အမူအရာမပြပေ

သူ့ရဲ့အေးခဲနေတဲ့နှလုံးသားကြောင့် သူကပျော်ရွှင်မူကိုမရှာဖွေနိုင်ပေ

မင်ရှီးကိုပြန်တွေ့ရင် သူပြန်ပြီး ချစ်မြတ်နိုးမလား

ပြန်ပြီးသတိမရဖို့အကြိမ်ကြိမ်သတိပေးပေမဲ့
ရူးမိုက်စွာဖြင့်တွေ့ချင်နေတုန်းပင်

Rebirth:Am I Not Dead Yet?(Book-2) Where stories live. Discover now