ep.01

719 42 3
                                    

ညနေငါးနာရီအဆောက်အအုံပြင်ပသို့ ဝန်ထမ်းအသီးသီးထွက်လာကြသည်။ရုံးဆင်းချိန်ဖြစ်သည်။သူတို့မျက်နှာမှာအပြုံးပန်းကိုယ်စီနှင့်။ရုံးဆင်းချိန်ဆိုတာကိုယ်ပေါ်ရှိသမျှဝန်တွေပစ်ချလိုက်လို့ပေါ့ပါးလန်းဆန်းသွားတဲ့အချိန်၊ အိမ်မှာစောင့်မျှော်နေတဲ့မိသားစုဝင်တွေ၊ချစ်သူတွေနဲ့ပြန်လည်ဆုံတွေ့ရတော့မယ်လေ။ဘဝရဲ့အပျော်ဆုံးအခိုက်အတန့်တွေထဲမှာ ရုံးဆင်းချိန်ဟာလဲပါနိုင်ကောင်းပါရဲ့။အခြားသူတွေအတွက်ပါ။Lisaအတွက်တော့ ရုံးမှာနေရတာတောင် ပိုပျော်ဖို့ကောင်းသည်။အိမ်ပြန်ရောက်လဲ မည်သူမှ ကြိုဆိုမှုမရှိတဲ့ ခြောက်ကပ်လွန်းတဲ့တိုက်ခန်းရယ်ပဲရှိမယ်။Lisaအတွေးတွေနဲ့ လမ်းလျှောက်နေတုန်း တစ်ယောက်ယောက်က လီဆာ့လက်မောင်းကို ကိုင်လိုက်တာကြောင့် လန့်သွားသည်။လှည့်ကြည့်လိုက်တော့ Minnie ဖြစ်နေသည်။Minnieဆိုတာ သူမရဲ့ ဘေးချင်းကပ်ရပ်ခုံက ဝန်ထမ်းဖြစ်သည်။

"ငါတို့အပြန် Bar သွားမလို့ Lisa လဲလိုက်မလား"လိုက်စေချင်တဲ့မျက်လုံးတွေနဲ့ Lisa ကိုမေးလိုက်သည်။


"မလိုက်တော့ပါဘူး Minnie တို့ပဲသွားပါ။"
"ဘာဖြစ်လို့လဲ Minnie တို့ကို မခင်ဘူးလားဟင်?Lisa Minnie တို့ရုံးကို ရောက်လာတာ တစ်နှစ်ရှိနေပီး။ Minnieတို့နဲ့တစ်ခါမှမလိုက်ဘူးနော်"
"အဲ့လိုမဟုတ်ပါဘူး။ ကျွန်မတောင်းပန်ပါတယ်။ ကျွန်မတစ်ယောက်တည်း နေချင်လို့ပါ"Lisaပြောပြီးတာနဲ့ ချက်ချင်းထွက်လာခဲ့သည်။Lisaက အဲ့လိုပဲဖြစ်သည်။သူငယ်ချင်းတစ်ယောက်မှမရှိပဲ တစ်ယောက်တည်းသာနေတတ်သည်။Lisa ကိုခင်ချင်တဲ့သူတွေ အများကြီးရှိသည်။Lisa ဘက်ကတော့ မည်သူတစ်ဦးတစ်ယောက်ကိုမှ သူငယ်ချင်းအဖြစ်လက်မခံခဲ့ပါ။ Lisa လူတွေနဲ့ သံယောဇဉ်ဖြစ်ရမှာ ကြောက်တယ် ။အဲ့လိုကြောက်ရတဲ့အကြောင်းပြချက်တွေလဲ သူ့မှာအများကြီးရှိသည်။တွေးရင်းတွေးရင်းနဲ့အတိတ်ကို ပြန်ရောက်သွားတဲ့ စိတ်တွေကြောင့် သူမစိတ်ညစ်သွားသည်။ထို့ကြောင့် အိမ်မပြန်သေးပဲ မြစ်ကမ်းဘက်ကို လမ်းလျှောက်ထွက်လာသည်။
နေဝင်အံ့ဆဲဆဲ ကောင်းကင်အရောင်ဟာ ဘယ်ဟာနဲ့မှ နှိုင်းယှဉ်လို့မရအောင် တစ်ကိုယ်တည်းလှပနေသည်။တစ်ခုခုကိုပဲ လွမ်းသလိုလို ဆွေးသလိုလို loneliness vibeတွေရလာသလို ခံစားရသည်။တစ်ပြိုင်တည်းမှာပဲ လွတ်လပ်မှုတွေကို ခံစားရပြန်သည်။နေထွက်ချိန်အလှနှင့် နေဝင်ချိန်အလှ နှစ်ခုကို ယှဉ်ရရင် နေထွက်ချိန်အလှသည်လန်းဆန်းသည် သို့သော် လွတ်လပ်မှုမရှိဟု Lisa ထင်သည်။အဘယ်ကြောင့်ဆိုသော် နေထွက်လာပြီးဖြစ်တဲ့အတွက် တာဝန်တွေ အလုပ်တွေကိုယ်စီနှင့် တစ်နေ့တာကို ဖြတ်သန်းရဦးမည်ဆိုတဲ့ လေးလံစိတ်လေးပါ ခံစားလိုက်ရသည်။ နေဝင်ချိန်အလှကျတော့ တစ်နေ့တာ တာဝန်တွေပြီးဆုံးသွားတဲ့အတွက် လွတ်လပ်မှုတွေအပြည့်ခံစားရသည်။ ဒါ့ကြောင့် Lisa sunset ကို ပိုသဘောကျသည်။ အတွေးတွေလွန်နေတာနဲ့ ဒီသဘာဝအလှတရားကို မှတ်တမ်းတင်ဖို့ မေ့တော့မလို့ ။ ဘယ်သွားသွား‌ သယ်သွားနေကျဖြစ်တဲ့ camera ကို ထုတ်ကာ ထိုအလှတရားကို ရှုထောင့်အမျိုးမျိုးကနေပြီးတော့ ရိုက်နေလိုက်သည်။ဒီလို ရိုက်နေရတော့လဲ လီဆာ့စိတ်တွေပေါ့ပါးသွားကာ အတိတ်ကနာကျင်စရာတွေကိုမေ့သွားပြန်သည်။ဘာလို့ဆို ဒါဟာ သူမချစ်တဲ့အလုပ်ကို လုပ်နေရတဲ့အတွက်ဖြစ်သည်။
🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂
နေ့တိုင်း update ပေးနိုင်အောင် ကြိုးစားပါ့မယ်။
တိုသွားတဲ့အတွက်လဲ တောင်းပန်ပါတယ်။
အခုမှ စရေးတာဆိုတော့ အတွေးတွေက သိပ်မထွက်တော့ဘူးရယ်
အားပေးကြပါဦး ယောရောဘွန်းတို့

Don't Leave Me AloneWhere stories live. Discover now