ep.04

400 42 5
                                    

At restaurant,

လီဆာ အရှေ့မှာရှိနေတဲ့အမျိုးသမီးကိုစားနေရင်းခိုးကြည့်မိသည်။ဘယ်သူနဲ့ဖုန်းပြောနေသလဲမသိပေမယ့် ခေါင်းတညိတ်ညိတ်နဲ့ 'အင်း' ချင်းထပ်အောင် ပြောနေသည်။

"အင်း မေမေ ညနေကျရင် သမီးနောက်ကျလိမ့်မယ်။ညနေစာကို စောစောစားနော် သမီးကိုမစောင့်နဲ့တော့ အစာမကြေဖြစ်လိမ့်မယ်"
"ဟုတ်ကဲ့ပါ သမီး အိမ်ကိုရောက်အောင် ပြန်ခဲ့မှာပါ"
သူမရဲ့ဖုန်းပြောသံကို လီဆာ တစ်စွန်းတစ်စ ကြားနေရသည်။'သူ့အမေက သူ့ကိုအတော်ဂရုစိုက်ပုံပဲ။ဘာလို့ဆို ရိုက်ကွင်းထဲမှာလဲ ဖုန်းခဏခဏ ခေါ်တာတွေ့ရသည်။အခုလဲခေါ်ပ့န်သည်။ဒါတွေ သူဘာလို့ဆက်စပ်ပြီးတွေးနေမိသလဲမသိတော့။ဒီလိုမြင်ရတာ သူတစ်ခုခုကို အစာမကြေသလိုခံစားရသည်။'
ဖုန်းပြောပြီးတော့ Jennie သူမကို ကြည့်လာတယ်။ပြီးတော့ ပြုံးပြသည်။
"လီဆာ စားလေ" တို့ကနန်းဆိတ်ကနန်းသာစားနေသောလီဆာ့ကို Jennie အားမရ။
"ဘာလို့လဲ မကြိုက်လို့လား"

"မဟုတ်ဘူး ဗိုက်ပြည့်နေလို့"
အမှန်တော့ ဗိုက်ပြည့်နေလို့မဟုတ်။8 နှစ်ကြာအောင် တစ်ယောက်တည်းသာစားခဲ့သည့်အတွက် ဒီလိုအဖွဲ့လိုက်နဲ့စားရတော့ ကြောင်အမ်းအမ်းလေးဖြစ်နေခဲ့သည်။

"Jennie!"
ခေါ်သံကြောင့် လှည့်ကြည့်မိတော့ ရွှေအိုရောင်ဆံပင်နဲ့ chef ဝတ်စုံကို ဝတ်ဆင်ထားသောကောင်မလေးတစ်ယောက် ပြုံးပြနေတာကို မြင်ရသည်။

"Oh...Chaeyaung"ဂျင်းနီပြန်နှုတ်ဆက်သည်။သူမသည် စားပွဲဝိုင်းသို့လျှောက်လာသည်။

"အားလုံးပဲ စားရတာ အဆင်ပြေရဲ့လား။ကျွန်မက ဒီဆိုင်ရဲ့ chef လဲဖြစ်သလို ဒီဆိုင်ရဲ့ ပိုင်ရှင်ဆိုလဲ ဟုတ်ပါတယ်။ပြီးတော့ Jennie ရဲ့ သူငယ်ချင်းလဲ ဖြစ်တယ်။နောက်လဲ ကျွန်မတို့ဆိုင်ကို လာအားပေးပါဦး" Chae က အားလုံးကို နှုတ်ဆက်လိုက်သည်။
"Jennie ငါ့ဆိုင်ကို လာအားပေးတဲ့အတွက် နင့်ကိုလည်း ကျေးဇူးတင်တယ် "

"ဟွန့် ကျေးဇူးတင်ရင် ငါ့ကိုလျှော့ပေးရမယ်" ဂျင်းနီ မျက်စောင်းထိုးရင်း ပြောလိုက်သည်။

"ငါ နင်တို့ အင်္ကျီကို အားပေးတုန်းက နင်ဘယ်နှခါများ လျှော့ပေးဖူးလို့လဲ ဟမ်" Chae က ရန်ပြန်တွေ့သည်။
"အဲ့ဒါထားဦး မတွေ့ရတာလဲ ကြာ‌ပီးဆိုတော့ ညကျရင် တစ်ခွက်လောက် သောက်ကျရအောင်"

Don't Leave Me AloneWhere stories live. Discover now