Bus ကားတစ်စီးရပ်သွားသည်နှင့်တစ်ပြိုင်နက် ကားပေါ်သို့ လူအများ အလုအယက်တက်ကြသည်။ထိုအထဲတွင် လီဆာလဲပါသည်။လီဆာရဲ့ရှည်လျားတဲ့ ခြေထောက်တွေရဲ့အစွမ်းကြောင့် ထိုင်ခုံနေရာဦးခဲ့သည်။ထိုင်ခုံပေါ်ထိုင်ချလိုက်မှပဲ စိတ်အေးလက်အေးနဲ့လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။ထို့နောက် ဖုန်းထဲမှ နားကြပ်ထုတ်ကာ သူမအကြိုက်ဆုံးသီချင်းတစ်ပုဒ်ကိုဖွင့်ရင်းလိုက်ပါလာခဲ့သည်။သီချင်းထဲကစာသားတွေနဲ့အတူလိုက်ပါစီးမျောရင်း ဒီနေ့တစ်နေ့လုံးကြုံတွေ့ခဲ့ရသည့်အကြောင်းအရာများအားလုံးခေါင်းထဲသို့အလိုလို ရုပ်ရှင်ပြကွက်လိုပြန်ပေါ်လာသည်။ထိုအထဲမှာ သွားသေးသေးလေးတွေနဲ့ရီတတ်ပြီး smart ကျလွန်းတဲ့ကောင်မလေးရဲ့ပုံရိပ်သည်လဲ ပြန်ပေါ်လာသည်။ထူးဆန်းသည်က မိမိ၏ ဖုန်းနံပါတ်ကို သူမအားပေးလိုက်မိသည့်အကြောင်းဖြစ်သည်။ အခြားclientများစွာနှင့်လည်း လီဆာတို့အလုပ်တွဲလုပ်ဖူးသည်။မည်သူမှ photographer နဲ့သီးသန့်ဆွေးနွေးချင်လို့ ဖုန်းနံပါတ်တောင်းတဲ့လူမရှိခဲ့။အများစုက ဂျာကြီးနဲ့ပဲ အလုပ်ကိစ္စအပြောများသည်။လီဆာတို့ကတော့ ဂျာကြီးရဲ့ညွှန်ကြားမှုအတိုင်းသာလုပ်ဆောင်ရသည်။
သူကျမှ ထူးထူးဆန်းဆန်း။မိမိ၏ဖုန်းနံပါတ်ကိုတော့ ယူပြီး သူ့ဖုန်းနံပါတ်ကျတော့မပေးတာကိုတော့ လီဆာအနည်းငယ်မကျေမနပ်ဖြစ်မိသည်။အတွေးတွေကိုနယ်ချဲ့နေမိတာ ရုတ်တရက် ကားရပ်လိုက်တော့ လန့်သလိုတောင်ဖြစ်မိသည်။ဆင်းရမဲ့မှတ်တိုင်ရောက်ပြီးကိုး။ လီဆာလဲခုံပေါ်မှထကာ ကားပေါ်က ဆင်းလိုက်သည်။လတ်ဆတ်ပြီး အေးမြသောညလေကိုခံစားလိုက်ရသည်။သူမနေတဲ့တိုက်ခန်းက လမ်းကြားထဲမှာရှိတာကြောင့် အနည်းငယ်လမ်းလျှောက်ရမည်။
မိမိအခန်းထဲပြန်ရောက်ချိန်မှာတော့ လမ်းလျှောက်ခဲ့တာကြောင့်ရော တစ်နေ့တာလုံးပင်ပန်းမှုတွေကြောင့် အိပ်ယာထက် 'ဘုန်း'ကနဲ ပစ်လှဲချလိုက်သည်။ထို့နောက်ဖုန်းထုတ်ကာ social media ခဏသုံးမည်ဟုတွေးသည်။လိုင်းဖွင့်ဖွင့်ချင်း noti တွေအများအပြားတက်လာသည်။ သူမရဲ့ စိတ်ခံစားမှုအရ ရိုက်ထားသည့် ဓာတ်ပုံတွေကို Instagram မှာ acc တစ်ခုဖွင့်ပြီး တင်ထားတတ်သည်။ အခုလဲမနေ့က sunset ပုံတွေရိုက်ပြီး တင်ထားတဲ့ postမှာ commentsတွေ react တွေအများအပြား noti တက်လာသည်။ သူမရဲ့ဓာတ်ပုံ တစ်ခါမှမတင်ဖူးသော ထို IG accသည် follower ရာကျော်ရှိသည်။ သူတင်ထားသော ဓာတ်ပုံကို သဘောကျပြီး ပြန်သုံးခွင့်ပြုရန် သူ့ဆီခွင့်တောင်းသော messages တွေအများအပြားလဲရောက်နေသည်။ လီဆာ တစ်ခုမှ အဖက်လုပ်ပြီး ဖြေကြားခြင်းမပြုခဲ့။ သူမကြိုက်တဲ့ Idol တွေ celebrity တွေရဲ့ update သတင်းတွေကိုကြည့်နေလိုက်သည်။နောက်ပြီး သူက dramaတွေ Animation ကားတွေလဲကြိုက်တတ်သေးသည်။သူမကြည့်နေတဲ့ drama အပိုင်းအသစ် တင်ထားတာတွေ့တော့ 'ဟုတ်ပြီး ရေချိုးပီ့းမှ ကြည့်ရမယ်' ကိုယ့်ဟာကိုတီးတိုးပြောရင်း အိပ်ယာပေါ်မှထကာ ရေချိုးခန်းထဲသို့ဝင်သွားသည်။
YOU ARE READING
Don't Leave Me Alone
Romansအထီးကျန်မှုကိုမုန်းတဲ့ကောင်မလေးတစ်ယောက် ချစ်သူရလာတဲ့အခါ သူ့ကို ထားသွားမလားဆိုတဲ့စိုးရိမ်စိတ်နဲ့ မလုပ်သင့်တာတွေကို လုပ်မိတဲ့အခါ