"📱.....📱"
မနက် စောစောစီးစီး ဖုန်းမြည်သံကြောင့် လီဆာ နိုးလာခဲ့သည်။ဒီနေ့က ရုံးပိတ်ရက်မို့ အဝ အိပ်မယ်လို့စဉ်းစားထားသော်လည်း ဖုန်းမြည်သံက လီဆာ့ကို နှောက်ယှက်လိုက်ပီး။ဘေးနားကဖုန်းကိုစမ်းကာ ကိုင်လိုက်ပီး ကြည့်လိုက်တော့ "chaeyoung🐿️"
"Hello"
"လီဆာ နိုးပြီးလား
ငါ နင့်တိုက်ခန်းရှေ့မှာ
ရုပ်ရှင်သွားကြည့်မယ်လို့ပြောထားတယ်လေ ထတော့!""အာ.... Chaeyoung ငါမသွားတော့ဘူး နင်တစ်ယောက်တည်း သွားကြည့်လိုက်တော့"
"မရဘူး ...နင်မဆင်းလာမချင်း ငါဒီကနေ တစ်ဖဝါးမှမကွာဘူး"
"Ah...ချယ်တို့ လုပ်ပီးကွာ😟 ပိတ်ရက်ကြီးကို စောစောစီးစီး"
လီဆာ ချယ့်ကိုဘယ်လိုပြောပြောမနိုင်မှန်းသိလို့
"အိုကေ...ခဏတော့စောင့် ငါအဝတ်စားလဲပြီး ဆင်းလာမယ်"
ဟုတ်ပါတယ် အခုဆိုရင် ချယ်နဲ့လီဆာက အရမ်းကိုရင်းနှီးနေကြပါပီး။ Jennie Kimကြောင့် စခင်ခဲ့ပေမယ့် ချယ်က သွက်သွက်လက်လက်ရှိပီး လီဆာနဲ့ ပိုပြီး ကီး ကိုက်သလိုဖြစ်ခဲ့တယ်။ ချယ့်ရဲ့ ပါရမီက လီဆာ့ကို စည်းရုံးသိမ်းသွင်းနိုင်ခြင်းဖြစ်သည်။ ချယ်နှင့်ဆိုလျှင် လီဆာက ပိုပြီးသက်သောင့်သက်သာဖြစ်သလို ခံစားရသည်။ ထို့ကြောင့် သူတို့နှစ်ယောက် ဒီရက်ပိုင်းအတွင်း အပြင်ထွက် မုန့်စားတာမျိုးတွေ ခဏ ခဏလုပ်ဖြစ်ကြသည်။ ဒီတစ်ခါလဲ ချယ်က ချိန်းထားတာ ဟိုး...အပတ်ကတည်းကဖြစ်သည်။ လီဆာ ငြင်းပေမဲ့ ချယ့်ကိုမနိုင်ခဲ့။
လီဆာ အောက်ကိုဆင်းလာတော့ ချယ်က ကားထဲမှာ အခန့်သား ထိုင်စောင့်နေသည်။လီဆာ တံခါး ခေါက်လိုက်ပီး ကားထဲဝင်ထိုင်လိုက်သည်။
"Morning"
ချယ်က နှုတ်ဆက်သည်။
"Morning"
"လောလောဆယ် ဗိုက်ဆာနေလို့ မနက်စာအရင်သွားစားရအောင်""OK...သွားကြတာပေါ့"
ဒီနေ့က ချယ်တို့ဆိုင် ပိတ်ထားတဲ့အတွက် တစ်ခြား coffeeဆိုင် တစ်ခုခုမှာပဲ လီဆာ့ကိုလိုက်ပို့တော့မည်။Coffee ဆိုက်ထဲရောက်တော့
"Hot Americano တစ်ခွက်
လီဆာ ဘာသောက်မှာလဲ?""ငါက ကာပူချီနိုရယ်.... chocolate cakeရယ်"
စားစရာတွေအသီးသီးမှာကြပီး လီဆာတို့ထိုင်စောင့်နေကြသည်။ထိုအချိန် ကော်ဖီဆိုင် တံခါးပေါက်မှ Jennie Kim ဝင်လာတာကို လီဆာ မြင်လိုက်သည်။Jennieက ရုံးတက်ဝတ်စုံအပြည့်နဲ့ ကြည့်ရတာ ရုံးမတက်ခင် မနက်စာလာစားတာဖြစ်မည်။
"Mrs. Jennie"
လီဆာ လှမ်းခေါ်ပြီးလက်ယမ်းပြလိုက်သည်။ ချယ်ယောင်းလဲ လီဆာ့ အခေါ်ကြောင့် အနောက်လှည့်ကြည့်တော့"Yah....Jen ဒီဘက်မှာလာထိုင်" ဆိုပီး ခေါ်လိုက်သည်။ Jennieသူတို့ ဝိုင်းရောက်လာပီး ခုံတစ်ခုံမှာ ဝင်ထိုင်လိုက်သည်။
"လီဆာ နဲ့ ချယ်က ဘယ်လိုဖြစ်လို့ အတူရှိနေကြတာလဲ"
"မဟုတ်မှ ချယ်....နင် ငါမသိပဲ လီဆာ့ကို ဘာprojetတွေအပ်ထားတာလဲ"Jennieက တအံ့တဩမေးသည်။"အလုပ်ကိစ္စမဟုတ်ဘူးဟေ့ ငါတို့နှစ်ယောက်က ရုပ်ရှင်သွားကြည့်ဖို့ ချိန်ထားတာ" ချယ်က ပြန်ပြောတော့
"ရုပ်ရှင်သွားကြည့်မှာ😲 နှစ်ယောက်သားအတူတူလေ?"Jennieမျက်နှာမှာ အံ့ဩမှုအပြည့်နှင့်
"ဟုတ်တယ် ငါတို့နှစ်ယောက်က ရုပ်ရှင်အတူတူကြည့်ရတဲ့အထိ ရင်းနှီးတဲ့သူငယ်ချင်းတွေ ဖြစ်သွားပီးလေ "
မျက်စိတစ်ဖက်မှိတ်ပြရင်း ပြောလာသည့် ချယ်က သူ့ကိုယ်သူ ဂုဏ်ယူနေသည့်ပုံ။ တကယ်လည်း Jennieချယ့်ရဲ့ ပေါင်းသင်းဆက်ဆံရေးskillကိုလက်လန်ပါတယ်။ သူနဲ့ဆိုရင် စကားကိုမပွင့်တပွင့်ပြောနေသည့်ကလေးမလေးက ချယ်နဲ့သူငယ်ချင်းတွေဖြစ်သွားပီးတဲ့။
YOU ARE READING
Don't Leave Me Alone
Romanceအထီးကျန်မှုကိုမုန်းတဲ့ကောင်မလေးတစ်ယောက် ချစ်သူရလာတဲ့အခါ သူ့ကို ထားသွားမလားဆိုတဲ့စိုးရိမ်စိတ်နဲ့ မလုပ်သင့်တာတွေကို လုပ်မိတဲ့အခါ