ep.02

368 41 0
                                    

'🎵🎶..🎵🎶..🎵🎶..'
Alarmမြည်သံကြောင့် Lisa တစ်ယောက်နိုးလာခဲ့သည်။နိုးနိုးချင်းAlarmကိုပိတ်ကာအိပ်ယာထက်ခဏတစ်ဖြုတ်ဇိမ်ခံနေသေးသည်။အိပ်ပျော်လုဆဲဆဲအချိန်မှာ မျက်လုံးအတင်းဖွင့်ကာ ဆက်ကနဲထထိုင်လိုက်သည်။တော်ကြာ ပြန်အိပ်ပျော်သွားလို့ ရုံးချိန်နောက်ကျနေမှဖြင့်။နာရီကိုကြည့်လိုက်တော့ 7:15 ပုံမှန်ထက် 15 မိနစ် နောက်ကျသည်။ ချက်ချင်းရေချိုးခန်းထဲဝင်ကာ ရေချိုးလိုက်သည်။ပြီးနောက် မိတ်ကပ်ကို ပါးပါးကြည်ကြည်လေး လိမ်းလိုက်သည်။အဖြူရောင်shirtအင်္ကျီအရှည်ကိုတံတောင်ဆစ်အနားထိ ခေါက်ကာ Jean pant နှင့်တွဲဝတ်လိုက်သည်။ဆံပင်က ဂုတ်ကျော်လောက်သာ ဖြစ်သည့်အတွက် အထွေအထူး လုပ်စရာမလို။ဆံပင်ကိုအသေအချာဖြီးလိုက်သည်။နောက်ဆုံးပြင်ဆင်မှုအနေနဲ့သူမအကြိုက်ဆုံးလက်ပတ်နာရီလေးကို ဝတ်ဆင်လိုက်သည်။အားလုံးပြင်ဆင်ပြီးသွားတော့ ရုံးသွားဖို့အတွက် Ready!သွက်လက်တဲ့ခြေလှမ်းတွေနဲ့ Lisa ရဲ့တစ်နေ့တာကို စတင်လိုက်သည်။အခုက 8:00နာရီဆိုတော့ Bus စီးမှာနဲ့ဆို ရုံးရောက်ဖို့ 9:00နာရီ။Busကားမှတ်တိုင်ရောက်တော့ ထင်းထားသည့်အတိုင်းပထမကားတော့လွတ်သွားပီး။ဒီလိုဆိုရင်ကုမ္ပဏီကို(၁၀)မိနစ်နောက်ကျပီးမှရောက်တော့မည်။

At office,

အစည်းအဝေးခန်းထဲတွင် ကုလားထိုင်တစ်လုံးလွတ်နေသည်။ထိပ်ဆုံးတွင် ထိုင်နေသော မန်နေဂျာ ဆိုသူ၏ မျက်နှာသည် အနည်းငယ် ပျက်ယွင်းနေသည်။

"အဟမ်း"မန်နေရျာကြီးကအသံပြုလိုက်သည်။

"Minnie ဖုန်းဆက်ကြည့်ပါဦး"

"အဟဲ 😁 ဂျာကြီး သမီးတို့မှာ Lisa ဖုန်းနံပါတ် မရှိဘူး ဂျာကြီးရဲ့"

"နင်တို့ကလေ
ကိုယ့်ရုံးကအချင်ချင်းကို အဆက်အသွယ်တွေရှိဦးမှပေါ့။ဒီမှာ client ကစောင့်နေရတယ် အားနာစရာကြီး။"

"အဟဲ အားနာပါတယ်ဗျ။သူခါတိုင်းနောက်မကျဖူးပါဘူး။ဒီနေ့ကျမှ ထူးထူးဆန်းဆန်းဗျာ။ခဏလောက်သည်းခံပေးပါဦးနော်"clientဆိုသူဘက်သို့မျက်နှာချိုသွေားကာအားနာစကားဆိုလိုက်ရသည်။

"ရပါတယ် Ni ကစောင့်နိုင်ပါတယ်"ပြုံးပြုံးလေးဖြင့်သာ ပြန်ဖြေလာသော Jennie ကို အားလုံးက လေးစားသောမျက်စိဖြင့်ကြည့်မိကြသည်။ရုပ်ရည်ဆိုလဲ ပြောစရာမရှိ။ဒီအသက်ဒီအရွယ်နဲ့ fashion လောက ကို စိုးမိုးနိုင်တဲ့ ကုမ္ပဏီရဲ့CEO တဲ့။ဘယ်လောက်တောင် talent ရှိတဲ့မိန်းကလေးလဲ။ဒါ့အပြင် သဘောထားပြည့်ဝသေးတော့ မန်နေဂျာယွန်းတို့ မျက်စိကျနေတာတော့အမှန်ပင်။သို့သော် မန်နေဂျာယွန်းတို့ ဘယ်တော့မှ ပိုင်ဆိုင်ခွင့်မရနိုင်တဲ့ ကြယ်လေးတစ်ပွင့်ပင် ဖြစ်သည်။

Don't Leave Me AloneWhere stories live. Discover now