တစ်ပတ်ခန့်ကြာပြီးနောက်~~
သူ့ယုန်ပေါက်လေး အခုထိ သတိမရလာသေးပါ။
လွန်ခဲ့တယ့် တပတ်လုံးလဲ အခန်းထဲထိမဝင်ရဘဲ
မှန်တွေရဲ့အပြင်ကသာ ကြည့်ရသည် ။
လက်မှာလဲ အပ်တွေစိုက်ထားပြီး ပိုက်အသွယ်"တန်းလျက် အောက်စီဂျင်ရဲ့ အကူအညီနဲ့ အသက်ဆက်နေတဲ့ ကလေးကိုကြည့်ရတာ အကြီးတန်လှသည် ။
သူ ရဲ့ရင်သွေးလေးလဲ ဆုံးရှုံးခဲ့ရပြီ အခုရော Jungkookကိုထပ်ပြီး အဆုံးအရှုံးမခံနိုင်ပါ အထူးကြပ်မတ်ဆောင်ကနေ အခု VIP ROOM ကိုရွေ့ထားပြီ ကိုမာလူနာအဖြစ် စောင့်ကြည့်နေရသည် ။" Jungkook မင်းငါ့ကို ကလဲ့စားချေနေတာတော့ မဟုတ်ပါဘူးနော် ပြန်လာခဲ့ပါတော့ ကိုယ်လေမင်းမကြိုက်တာ ဘာဆိုဘာမှမလုပ်ဘူးလို့ ဂတိပေးတယ် ပြီးတော့လေ ပိုပြီးလဲဂရုစိုက်ပေးပါ့မယ် ကိုယ့်စီပြန်လာခဲ့ပါတော့ "
အခန်းလေးထဲက ကုတင်ထပ်ဝယ် လှဲလျောင်းနေသော ကာင်လေးရဲ့ အပ်အသွယ်"နဲ့ လက်ကလေးကိုညင်သာစွာ ကိုင်ပြီး အသံတိတ်ငိုနေခဲ့မိသည် ။
အခုဆို သူ့ယုန်ပေါက်ကလေးဟာဆိုရင် အရင်လိုပါးဖောင်း"လေးတွေ မဟုတ်တော့ ၊ ပန်ဒါလေးလိုမျက်ကွင်းတွေလဲညိုလို့ ၊ လက်မောင်းလေးတွေလဲ အရင်ထပ်ပိုပြီး သေးသွယ်လာသည် တကယ့်ကို မထိရက်စရာလေး ။ အစာမစားရသည့်အတွက် အားဖြစ်စေရန် ဆေးတွေဘဲချိတ်နေရသည် အောက်စီဂျင်လဲအခုထိမလွတ်သေးပါ ။" Jimin ငါလာတယ် မင်းနားချင်နားလိုက်လေ ညမှပြန်လာခဲ့ပေါ့ ငါစောင့်ပေးပါ့မယ် "
" Hoseok အခြေအနေဘယ်လိုရှိလဲ "
" မင်းအဖေလဲ အခုအဲ့မှာ CC TV က မသင်ကာစရာတွေ့လို့ တဲ့ခေါ်လို့သွားကြည့်တယ် "
" ဟူး... မိလို့ကတော့ ငါကိုယ်တိုင်သတ်ပြမယ် တောက်!"
" Hoseok ငါစိတ်ချမယ်နော် အပြင်သွားစရာရှိလို့ "
" အေးအေး စိတ်ချပါ"
ဘေးမှာချထားတဲ့ ဖုန်းကိုကောက်ကိုင်ကာ ခြေလှမ်းကျယ်ကျယ်တွေနဲ့ ဆေးရုံအပြင်ကို ထွက်လာခဲ့သည်။
ဆေးရုံကလူတွေလဲ သူ့ကိုမသိတဲ့သူမရှိဆိုသလောက်ဘဲ အေးပေါ့လေ သူကလဲသောင်းကျန်းထားတာကို