𝐬𝐢𝐱𝐭𝐞𝐞𝐧 ( final )

4.9K 218 12
                                    

‌အိမ်ကြီးထဲတွင် လူတွေအားလုံး အလုပ်များနေကြရသည် ။ အိမ်ကြီးအခင် ခိုင်းစေသည့်အတိုင်း အောက်ခြေအလုပ်သမား များသည် ‌တသွေမသိမ်း
လုပ်နေကြသည် ။ တစ်ခါတစ်ခါကြရင် ဘာဟာကိုမှ
အလိုမကျဘဲ သူကိုယ်တိုင် ထထလုပ်ပြီး အဆူခံအငေါက်ခံရပြန်သည် ။ ထုတ်ပြစ်ခဲ့တဲ့ အလုပ်သမားတွေလဲ မနည်းတော့ တစ်ယောက်မှ အသုံးမကျပါဘူးဆိုပြီးလေ တကယ်တော့ အိမ်ကြီးသခင်ဟာ အထီးကျန်နေခဲ့တာပါ ။

ဆရာဝန်တွေ လက်လျော့ပြီး နောက်ပိုင်း jimin တစ်ယောက် အကုန်လုံးကိုလိုက်ပြီး သောင်းကျန်းခဲ့တာကြောင့် လျော်ခဲ့ရတာတွေ မနည်းဘယ်သွားသွား ပြသာနာက တက်လာခဲ့သည်။ ညတိုင်းလဲအရက်တွေသောက်လာခဲ့သည် အရင်လို အိမ်ပြန်ချိန်မမှန်တော့
တစ်ခါတစ်လေ တစ်ခန်းထဲရဲ့ ဒေါင့်တစ်နေရာမှာ ထိုင်ငိုနေခဲ့ပြန်သည် ။ ဘယ်သူ့ကိုပေါ်မှ စိတ်တိုင်းမကျဘဲ
အမြဲတမ်းဒေါသထွက်နေခဲ့ပြန်သည် ။

ဘာလို့ဆို jungkook သတိမရခဲ့တာ တစ်နှစ်တောင်ကြာခဲ့ပြီ ဆရာဝန်တွေကိုယ်တိုင်က လက်လျော့ခဲ့ပင်မယ့်
Jimin တစ်ယောက် လက်မခံခဲ့ဘဲ အိမ်မှာဘဲ ပြုစုခဲ့သည်။ အားဆေးတွေချိတ်ပေးပြီး နေ့တိုင်းလဲရေပတ်တိုက်ပေးခဲ့သည် ၊ jungkook နဲ့ပတ်သပ်တာမှန်သမျှ
သူကိုယ်တိုင်ဘဲ လုပ်ခဲ့သည် သူ့ယုန်ပေါက်လေးရှိတဲ့အခန်းဆို မည်သူတစ်ဦးတစ်ယောက်ကိုမှ အဝင်မခံခဲ့
တစ်ယောက်ထဲစကားတွေပြောရလွန်းလို့လဲ အရူးကြီးလုံး"ဘဲ " တကယ်ဘဲ ပြန်မလာတော့တာလားဆိုတဲ့ အတွေးတွေက နေ့တိုင်းညတိုင်းကို နှိမ့်ဆက်နေခဲ့သည်။ သူအရင်လို အိမ်ကိုစောစောမပြန်တော့တာ
Jungkook ကိုမြင်ရင် ရင်တွေကွဲအောင်နာလွန်းလို့ အမြဲတမ်းအိပ်နေခဲ့တာ မလုံလောက်သေးလို့လားလို့တောင် အော်မေးခဲ့ချင်ပါသည် ။ သူခံနိုင်ရည်မရှိတော့ပါ သူစောင့်ခဲ့တာ တစ်နှစ်ကျော်နေပြီ သူကိုယ်တိုင်လဲပြိုလဲနေခဲ့သည်။

အလုပ်ကိစ္စတွေကိုလဲ အဖေက ပြန်ပြီးဦးစား လုပ်ကိုင်ထားတာကြောင့် လှည့်ကိုမကြည့်ဖြစ်ခဲ့ပါ ကောင်လေးနားမှာဘဲ နေပေးခဲ့တာ အခုတော့ သူ့ကိုယ်တိုင်လဲ။ လက်လျော့သင့်နေပြီလား ? အိမ်မပျော်တဲ့ ညတွေ လက်ကျိုးပြီးရေတွက်လို့တောင် မရခဲ့ပါ အားလုံးကသူ့အမှားတွေပါ သူ့မကောင်းခဲ့တာကြောင့် ခံရတဲ့သူက ချစ်ရတဲ့သူဖြစ်နေခဲ့တယ် လောကကြီးက မတရားလိုက်တာဗျာ လို့တောင် အော်ပြောချင်ခဲ့တာ ။
တကယ်တမ်းတော့ ကျနော်မသန်မာဘူး သောက်ရမ်းကိုပျော့တယ် !!

" 𝐅 𝐀 𝐊 𝐄 "Where stories live. Discover now