11

2.2K 276 113
                                    

[ Zawgyi ]


မာမီက သူနဲ့အဲလက်စ်ကို လေဆိပ်မှဆီးကြိုရင်းအငှားကားနှင့်အိမ်သို့ခေါ်ဆောင်သွားတယ်။ လမ်းမှာလည်း မျက်ရည်တစမ်းစမ်းနှင့်အလွမ်းတွေသယ်နေလိုက်တာ ဘေးနားကအဲလက်စ်တောင် ဘာမဆိုင် ညာမဆိုင်နှင့် မျက်ရည်ပေါက်ပေါက်ကျလာရသည်အထိ။

' ရောက်ပြီ သား ... ဒါမာမီတို့ အိမ်ဝန်းလေးပဲ '

မာမီက အငှားကားကိုပိုက်ဆံရှင်းပြီးနောက် အရှေ့ဘက်သို့ပြုံးကာလက်ညိုးညွှန်ပြတယ်။ အိမ်လေးကတော့ သူတို့အိမ်ကြီးလောက်မကျယ်ဝန်းပေမယ့် သက်တောင့်သက်သာရှိမယ့်ပုံပါပဲ။ ပန်းပင်တွေစိုက်ထားတဲ့ ခြံဝန်းအသေးလေးထဲမှာ အပြာရောင်နှစ်ထပ်တိုက်အိမ်အပုလေး။

' ဒါနဲ့ မာမီ...'

' ပြောလေ သား '

' ကျွန်တော်တို့နှစ်ယောက် နေလို့အဆင်ပြေပါ့မလားမသိဘူး ... အင်း ပြောချင်တာက မာမီ့အမျိုးသား...'

' ရော် ဒီအတွက်စိတ်မပူပါနဲ့ သားရယ် မာမီအကုန်ပြောထားပြီးပါပြီ မဟုတ်ရင်တောင် သူတို့က သားကိုမျှော်နေကြတာ '

မာမီ့စကားကြားတော့မှ စိတ်အေးလက်အေးနှင့် ခြံဝန်းထဲသို့ ခြေလှမ်းများဦးတည်မိတယ်။ အဲလက်စ်ကတော့ ဟိုကြည့်ဒီကြည့်နဲ့အထူးအဆန်းလုပ်နေတုန်းပါပဲ။

' အိမ်ထဲမှာ ညီမလေးစောင့်နေတယ် သား...သူကမင်းကိုအရမ်းတွေ့ချင်နေတာ မာမီက မင်းရဲ့ပုံလေးတွေကိုခဏခဏပြထားတော့ သူကအရမ်းရင်းနှီးနေတာ '

' ဟုတ်လား '

မာမီက တပြုံးပြုံးနှင့် ခြံဝန်းထဲမှခုံတွင်ထိုင်ကာ အိမ်ထဲသို့ လှမ်း၍အော်တယ်။

' ချယ်ယူဘင်းရေ ! မေမေတို့ပြန်ရောက်ပြီလေ ဒီမှာ သမီးတွေ့ချင်တဲ့ သမီးအကိုပါလာတယ် ! '

သိပ်မကြာခင်မှာပဲ အိမ်တံခါးလေးလှစ်ခနဲပွင့်ဟသွားပြီး ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက်ပြေးထွက်လို့လာတယ်။ ပြေးဖက်တော့မည့်ဟန်နှင့် လက်ကြီးဆန့်ပြီး ပြေးထွက်လာတာကြောင့် ဂျွန် အလိုက်သင့်လေး လက်နှစ်ဖက်ကိုဖြန့်တန်းပြေးလိုက်သော်လည်း ထိုကောင်မလေးပြေးဖက်လိုက်သည်က သူ့ကိုမဟုတ်ပဲ သူ့ဘေးတွင်တောင့်တောင့်ကြီးရပ်နေသည့် အဲလက်စ်ကိုသာဖြစ်တယ်။

𝑪𝒉𝒐𝒄𝒐𝒍𝒂𝒕𝒆 𝑺𝒄𝒆𝒏𝒂𝒓𝒊𝒐 [ 𝐕𝐊 ]Where stories live. Discover now